’90s ခုနှစ် ဝန်းကျင်တွေထဲ လူတိုင်း အားကျခဲ့ရတဲ့ နာမည်ကျော် စုံတွဲတွေထဲမှာ David နဲ့ Victoria Beckham စုံတွဲ ပါဝင်ပါတယ်။ ၁၉၉၉ ခုနှစ် သူတို့ရဲ့ ချစ်ခရီးစတင်ခဲ့ပြီးနောက် အနိမ့်အမြင့်မျိုးစုံကို ဒီစုံတွဲက ဖြတ်ကျော်ခဲ့ပြီးပါပြီ။ စိတ်ဝင်စားဖို့ ကောင်းတာက လူတိုင်း အားကျရတဲ့ ဒီစုံတွဲက တစ်ကုတင်တည်း အတူတူ မအိပ်ဘဲ ခွဲအိပ်ခြင်းပါ။ ဒီလို ခွဲအိပ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သူတို့ရဲ့ ဆုံးဖြတ်ချက်က စစ်မှန်တဲ့ အကြောင်းအရင်းပေါ် အခြေခံထားတာပါ

David က တက်တက်ကြွကြွနေရတာကို နှစ်သက်သူဖြစ်ပြီး Victoria ကတော့ Low Key စတိုင်နဲ့ အေးအေးဆေးဆေး သမား ဖြစ်ပါတယ်။ ဒါအတွက် သူတို့က ဒီလို ပါးနပ်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ။

2017 Daily Mail မှာ ပါဝင်ခဲ့တဲ့ အကြောင်းအရာကတော့ သူတို့ဟာ နေရာသီးခြားဆီပါတဲ့ နေထိုင်ရာ အသစ်ကို ဝယ်လိုက်ခြင်းပါ။ တစ်အိမ်တည်းမှာ သီးခြား ခွဲထားပြီး တစ်ဘက်စီမှာ မီးဖိုချောင်၊ အိပ်ခန်းအစုံအလင်နဲ့ သီးသန့်နေရာ ပါပြီးသားပါ။

ဒီအိမ်ဝန်း နှစ်ခုက ကိုက် ၅၀ လောက်ကွာဝေးတာမို့ ပွဲကျင်းပမယ်ဆိုရင်တောင် သီးခြားဆီ လုပ်နိုင်ပြီး ဟိုဘက်ဒီဘက် မသိနိုင်တော့ပါဘူး။

ဒီလို ခွဲခြားလိုက်တာက David နဲ့ Victoria အတွက်သာမက လာတဲ့ ဧည့်သည်တွေအတွက်ပါ Privacy ရသွားပါတယ်။ စုံတွဲတွေ တစ်ကုတင်တည်း အတူ မအိပ်ခြင်းက တစ်ဦးဆီအတွက် သီးသန့်နေရာ ပေးလိုက်ခြင်းဖြစ်ပြီး ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာကို အောက်ဖော်ပြပါ အချက်တွေက သက်သေပြနေပါတယ်။

သီးခြားအိပ်ခြင်းက အိပ်ချိန်နဲ့ အချစ်ရေးကို ပိုတိုးတက်စေပါတယ်

ဘာလို့လဲဆိုတော့

၁။ စစ်တမ်းတွေအရ စုံတွဲ ၂၅ ရာခိုင်နှုန်းဟာ သီးခြားအခန်းတွေမှာ အိပ်ချင်ကြတာကို သိလာရပါတယ်။
၂။ အမျိုးသမီးတွေဟာ ပိုအအိပ်ဆက်ကြပြီး အလွယ်တကူ နိုးတတ်ကြတာမို့ အမျိုးသားတွေထက် ပိုအိပ်ချိန်နည်းကြပါတယ်။
၃။ အချင်းချင်း နှိုးသလို ဖြစ်ပြီး အိပ်ရေးပျက်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ငြိုငြင်လာတတ်ကြပါတယ်။
၄။ အိပ်ရေးဝတဲ့အခါ ရောဂါဖြစ်တာကို လျော့ပါးစေပြီး အစစအရာရာ အဆင်ပြေစေပါတယ်။

ဒါကြောင့် သင့်အနေနဲ့ တစ်ချိန်ချိန် အိမ်ထောင်ပြုတဲ့အခါ David Beckham တို့ စုံတွဲကို အတုယူသင့်ပါတယ်။

Source: Brightside

By MyStyle Myanmar