လူအများစုက အသက်ကြီးလာတာနဲ့ အသားအရေ တွဲကျလာမယ်၊ အသားအရေ တွန့်လာမယ်၊ အရေးအကြောင်းတွေ ပေါ်လာမယ်၊ အရင်လောက် ကြည့်မကောင်းတော့မှာ သေချာတယ်ဆိုတဲ့ အတွေး တွေးကြပါတယ်။ ဒါပေမဲ့ အခု ဖော်ပြထားတဲ့ ကိုးရီးယား စုံတွဲကတော့ ဒီထင်မြင်ချက်တွေရဲ့ ဆန့်ကျင်ဘက်ကို ပြသနေပါတယ်။

ခင်ပွန်းသည်က ၆၁ နှစ် ဖြစ်ပြီး ဇနီး ဖြစ်သူက ၅၆ နှစ်ပါ။

ဆိုးလ်မြို့က ဒီစုံတွဲက ဆိုတဲ့ Instagram Account နဲ့ သူတို့ရဲ့ နေ့စဉ်ဘဝ၊ လှုပ်ရှားမှုတွေကို တင်လေ့ရှိပါတယ်။

အသက် ၅၀ ကျော် နဲ့ ၆၀ ကျော်ဖြစ်တဲ့ ကိုးရီးယား စုံတွဲက အသက်အရွယ်တစ်ခု ရောက်ပေမယ့် သူတို့ရဲ့ Fitness Journey ကို ပွင့်လင်းစွာ ချပြထားပြီး စုံတွဲတွေကြား အတုယူစရာ စီနီယာ စုံတွဲဖြစ်နေပါတယ်။

သမီး ဖြစ်သူ Grace ရဲ့ ဗီဒီယိုထဲ ပြောထားတာက အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူက Korea က ၆ လ အားကစားလုပ်ပြီး ခန္ဓာကိုယ် ပြောင်းလဲပုံကို ပြရတဲ့ Challenge Trend ကို စိတ်ဝင်စားခဲ့ရာက စတယ်လို့ သိရပါတယ်။

အားကစားမလုပ်ခင်က

အမေက ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်ပြီး အဖေကတော့ Kickboxer လုပ်ခဲ့ပါတယ်။ Kickboxer အဖြစ်ကနေ နားပြီးနောက် ဘောလုံးကန်လေ့ရှိတဲ့ ၆၁ နှစ်အရွယ် ဖခင်က ဒူးမှာ အနာရခဲ့ပါတယ်။ မိခင်ကတော့ ရေပုံမှန်ကူးလေ့ရှိတယ်လို့ သိရပါတယ်။

ဒီ Trend ကို စတဲ့အချိန်မှာတော့ အသက် ၅၆ နှစ်အရွယ် အမေပါ အတူတူပါခဲ့ပြီး ၆ လကြာ လေ့ကျင့်ခန်း လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေ အတူတူစားခဲ့ပါတယ်တဲ့။ ဒီစုံတွဲက အရင်တည်းက အစစအရာရာ ကို အတူတူ တစ်ဖွဲ့တည်း လုပ်လေ့ရှိတာကြောင့် ဒီ Challenge မှာပါဝင်ရတာက သူတို့အတွက် အစမ်းမဟုတ်တော့ပါဘူး။ Gym Date တွေကို အတူတူလုပ်တာ၊ Diet Plan တွေကို မျှဝေတာ၊ အတူတူ အားကစား အင်္ကျီ ဈေးဝယ်ထွက်တာတွေကို ဒီစုံတွဲက လုပ်ပြလေ့ရှိပါတယ်။

ဒီစုံတွဲက သားသမီးနဲ့ အနေဝေးပေမယ့် ပိတ်ရက်တွေမှာ အတူတူ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။

စုံတွဲတွေ ပျော်ရွှင်တယ်ဆိုတာ အမြဲ ရန်မဖြစ်ဘဲ နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စိန်ခေါ်မှု၊ အခက်အခဲတွေကို အတူတူ ဖြတ်သန်းနိုင်ခြင်းတွေက စုံတွဲတွေကြား ဆက်ဆံရေးကို ခိုင်မာလာစေနိုင်ပါတယ်။

Source: Brightside

By MyStyle Myanmar