Selena Gomez က သူမရဲ့ ခန္ဓာကိုယ်ကို အရှိအတိုင်း အကောင်းဘက်ကနေ လက်ခံသူ တစ်ဦးပါ။ သူမက မကြာသေးခင်ကပဲ TikTok မှာ Fan တွေနဲ့ စကားပြောခဲ့ပြီး ကျန်းမာရေးကြောင့် ဝိတ်တက်လာရကြောင်း ရှင်းပြခဲ့ပါတယ်။

ကျွန်မတို့အနေနဲ့တော့ Selena ရဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းနဲ့ လက်ခံတတ်ခြင်းကို အတုယူသင့်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Comment အများအပြား ရပြီးနောက်မှာတော့ Selena က Livestream လုပ်ခဲ့တာပါ။ Lupus ရောဂါကြောင့် ဆေးဝါးကုသမှု ခံယူနေရတာကြောင့် ဝိတ်အပြောင်းအလဲဖြစ်တာ ဖြစ်ကြောင်း သူမက ပြောပြခဲ့ပါတယ်။

2015 တည်းက Lupus ရောဂါနဲ့ တိုက်ပွဲဝင်ခဲ့ရတာ Selena Gomez က အဲ့တည်းက ဆေးတွေ သောက်ခဲ့ရတာပါ။ ဆေးအာနိသင်ကြောင့် ရေဝိတ်တက်လာတတ်ပြီး ဒါက ပုံမှန်ပဲလို့ သူမက ဆိုပါတယ်​။ “ရေဝိတ်မတက်တဲ့အချိန် ကျွန်မ ဝိတ်ပြန်ကျလာတယ်” လို့ Selena က ပြောပြခဲ့ပါတယ်။

ရောဂါကို ထုတ်ပြောရတဲ့ အကြောင်းအရင်းကတော့ တကယ့်အမှန်ကို မသိဘဲ Body Shaming ပြောခံနေရတဲ့ သူမလို လူတွေအတွက် အားပေးခြင်းလို့ ဆိုပါတယ်။

သူမက “လူတိုင်းဟာ လှတယ်။ သူ့နည်းသူ့ဟန်နဲ့ အံ့ဩဖို့ ကောင်းတဲ့ သူတွေချည်းပဲ။ စိတ်ညစ်ရတဲ့ ရက်၊ ပျော်ရတဲ့ရက် ဆိုတာ လူတိုင်း ရှိတတ်တာမို့ ဒါတွေက ပုံမှန်ပဲ”လို့ ဖြည့်စွက်ပြောထားပါတယ်။

“ကျန်းမာရေးဆိုတာ အရေးကြီးဆုံး အရာမို့ ကျွန်မကို ကူညီပေးတဲ့ ဆေးတွေကို ဆက်သောက်ရမှာပဲ”လို့ လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင်သူမက ကဲ့ရဲ့သူတွေကို “ကျွန်မက မော်ဒယ်တစ်ယောက် မဟုတ်ဘူး။ ဘယ်တော့မှလည်း မော်ဒယ်လုပ်မှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ “မော်ဒယ်တွေက အရမ်းတော်တဲ့ သူတွေပါ၊ ဒါပေမဲ့ ကျွန်မကတော့ မော်ဒယ်မဟုတ်တာကြောင့် သူတို့လို ဖြစ်ဖို့ မလိုဘူး” လို့ ချေပခဲ့ပါတယ်။ ဒါ့အပြင် သူမကို Shaming လုပ်တဲ့သူတွေကိုလည်း ဒီအပြုအမူဟာ လူကောင်းတွေရဲ့ အပြုအမူ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

သင်ကကော Selena Gomez ရဲ့ Fan လား ပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar