ITZY အဖွဲ့ဝင်အားလုံးက ခန္ဓာကိုယ် သွယ်လျကာ လှကြသလို ဒီထဲက ခေါင်းဆောင် Yeji ကလည်း ပျိုမေတိုင်း အားကျရတဲ့ ခန္ဓာကိုယ် သွယ်သွယ်လျလျကို ပိုင်ဆိုင်ထားပါတယ်။

သူမက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့အတူ ဗိုက်ကြွက်သားတွေနဲ့တောင် ပရိတ်သတ်ကို အံ့သြစေသူ ဖြစ်ပါတယ်။ အများစုက Idol တွေ အမြဲ ပိန်နေအောင် ဘာတွေ လုပ်ကြလဲ၊ ဘယ်လို ထိန်းသိမ်းကြလဲဆိုတာကို သိချင်ကြပါတယ်။ ဒီလို သိချင်ကြတဲ့အထဲ Yeji ရဲ့ နည်းလမ်းတွေလည်း ပါဝင်မှာပါ။ Yeji က ဒီမေးခွန်းတွေအတွက် သူမရဲ့ လျို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။

Elle Korea Magazine က Yeji ကို သူမရဲ့ Workout Routine ကို မေးတဲ့အခါမှာတော့ သူမက အံ့သြစရာကောင်းစွာပဲ အဖြေတစ်ခုကို ပေးခဲ့ပါတယ်။ ဒါကတော့ သူမက ဒီလို ခန္ဓာကိုယ် ကိုယ်ရေစစ်နေဖို့ နေ့တိုင်း လေ့ကျင့်ခန်း မလုပ်ပါဘူးတဲ့။

ဒီအစား Yeji လုပ်တာက သူမရဲ့ ဝိတ်အလေးချိန်ကို ငြိမ်အောင် ထားတယ်လို့ သိရပါတယ်။ “ကျွန်မ မနက်ပိုင်းနဲ့ ညဘက်မှာ အမြဲ ပေါင်ချိန်လေ့ရှိတယ်၊ ဒီအလေ့အကျင့်က Diet လုပ်နေတဲ့အချိန်ဆိုရင် အသုံးဝင်တယ်လေ” လို့ ပြောပြထားပါတယ်။

Yeji ရဲ့ ထိန်းသိမ်းနည်းကတော့ တူညီတဲ့ ကိုယ်အလေးချိန်ကို ကျော်ရင်လည်း တစ်ပေါင်၊ ကျရင်လည်း တစ်ပေါင် သဘော ထိန်းသိမ်းထားတာပါ။

သူမက လက်ရှိမှာ ကြွက်သား တည်ဆောက်နိုင်ဖို့ အာရုံစိုက်နေတယ်လို့ ဖြေခဲ့ပါတယ်။

Yeji သာ Gym မှာ သေချာ ပြန်ဆော့မယ်ဆိုရင် နောက်တစ်ခေါက် Comeback မှာ ကြွက်သားအပြည့်နဲ့ ပြန်လာနိုင်မှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

Source: Koreaboo

by MyStyle Myanmar