“အားနာရင် ခါးပါတတ်တယ်”လို့ ခပ်ကြမ်းကြမ်းသတိပေးတာမျိုး ကြားဖူးကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများမှာ အားနာလို့ မငြင်းဖြစ်တာတွေလည်း အများကြီးရှိခဲ့ကြပါတယ်။ မငြင်းတတ်လို့ ဒါမှမဟုတ် မငြင်းရက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ NO လို့ မပြောခဲ့သူတွေဟာ အခုပြောမယ့် နောက်ဆက်တွဲပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်နည်းလာမယ်

unhappy asian pretty young woman sitting alone on couch

Photo: Freepik

အားနာလို့ မငြင်းတာကြာလာရင် ကြောက်ရွံ့သိမ်ငယ်တဲ့အသွင်ပြောင်းလာတတ်ပါတယ်။ သိပ်သဘောကောင်းခြင်းကြောင့် လူတွေကလည်း ကိုယ့်ကို နိုင်လိုနိုင်စားလာသလို ကိုယ့်ကိုယ်ကိုယ်လည်း ငါ အလကားကောင်ပဲလို့ တွေးမိသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ငြင်းပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချပါ။

(၂) ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်လာမယ်

Exhausted woman busy with work

Photo: Freepik

မငြင်းခဲ့မိခြင်းကြောင့် နောက်ဆက်တွဲခံစားရမှာက ကိုယ့်ရဲ့ Personal ခံစားမှု ထိခိုက်လာခြင်းပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းပြီး ရှုပ်ထွေးလာမယ်။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာလည်း များလာမယ်။ နောက်ပိုင်းမှာ နောင်တတွေပဲ ကိုယ့်ဆီမှာ ကျန်ခဲ့နိုင်ပါတယ်။

(၃) လူမှုဆက်ဆံရေးအဆင်မပြေ ဖြစ်လာမယ်

Young woman sitting in a cafe with her laptop

Photo: Freepik

လာသမျှလူကို Yes လုပ်ရင်းနဲ့ ရင်ထဲမှာ အကြိတ်အခဲတွေ ဖိစီးလာတတ်ပါတယ်။ ကိုယ့်ခံစားချက်ကို ထုတ်မပြောမချင်း ၊ တစ်နည်း ကိုယ်မလုပ်ချင်တာ/မလုပ်နိုင်တာနဲ့ လုပ်စရာမလိုတာတွေကို ဟင့်အင်းလို့ မငြင်းမချင်း ကိုယ့်ရဲ့ တကယ် ရင်တွင်းခံစားချက်ကို ဘယ်သူမှ နားလည်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု မရှိရင် အဲ့ဒီလူတွေရဲ့ ဆက်ဆံရေး ပြေလည်မှာလည်း မဟုတ်ပါဘူး။

(၄) အထီးကျန်လာမယ်

woman looking outside

Photo: Freepik

များသောအားဖြင့် ငြင်းရမှာ အားနာတတ်သူဟာ Introvert (အတွင်းစွဲစိတ်) ရှိသူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလူတွေဟာ သူများကို စကားတစ်ခွန်းပြောချိန်မှာ သူတို့ရင်ထဲ စကားဆယ်ခွန်းနဲ့ ရင်ထဲမှာ စကားနပန်းသတ်နေကြသူမျိုး ဖြစ်ပါတယ်။ အတွင်းထဲမှာ ပေါက်ကွဲပိတ်လှောင်ပြီး ခံစားချက်တွေ အထီးကျန်ခြင်းက သူတို့ကို တမြေ့မြေ့ပြန်သတ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရာမရောက်စေဖို့ ငြင်းစရာရှိတာ အားမနာပါနဲ့။