ဘယ်အလုပ်မှာဘဲဖြစ်ဖြစ် အလုပ်တိုင်းမှာက စိတ်ဖိစီးမှုနည်းနည်းများများ ရှိတတ်ပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ကြိုတင်ကာကွယ်တာပါ။ စိတ်ဖိစီးမှုကို တားဆီးဖို့ နည်းလမ်းများစွာ ရှိပါတယ်။

အလုပ်ထဲမှာ ပြဿနာတခုခုပေါ်လာတဲ့အခါမျိုးမှာ အရမ်းစိတ်လှုပ်ရှားနေရင် ခနလေးငြိမ် မျက်လုံးမှိတ်ပြီး ဖြည်းဖြည်းချင်း အသက်ရှုလိုက်ပါ။ ဒီလိုလုပ်တာက စက္ကန့်ပိုင်းအတွင်း စိတ်သက်သာရာရသလို စိတ်ကိုလည်း ငြိမ်စေပါတယ်။

အလုပ်လုပ်တဲ့အခါ ကိုယ်အလုပ်လုပ်တဲ့နေရာကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးလာတဲ့အခါ စိတ်ဖိစီးမှု နည်းပါးသွားပါလိမ့်မယ်။

အိမ်အလုပ်တွေ အကုန်လုပ်ပြီးမှ ရုံးသွားရတာ ၊ လမ်းမှာကားလိမ်းပိတ်တာ တွေကလည်း လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုကို သွယ်ဝိုက်သောနည်းနဲ့ ဖြစ်စေတာမလို့ အလုပ်ချိန်ကို ကြိုတင်စီမံထားရင် အကောင်းဆုံးပါပဲ။

တစ်ခုခုကို အာရုံစိုက်ဖို့ ကိုယ့်ကိုယ်ကို အတင်းတွန်းအားပေးတာကလည်း စိတ်ဖိစီးမှုကို တိုးစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လုပ်ငန်းခွင်မှာ အနားပေးဖို့မမေ့ပါနဲ့။ အနားပေးတာက ရက်ရှည်အနားယူတာမျိုးတင် မဟုတ်ဘဲ နေ့လည်ထမင်းစားချိ်န် ခနနားတာမျိုး ၊ ရုံးစင်္ကြံမှာ ခဏလောက် လမ်းလျှောက်တာ၊ ကော်ဖီဖျော်တာမျိုး လုပ်ပေးပါ။

ကိုယ့်ညာဘက်နဲ့ ဘယ်ဘက်က လူတွေနဲ့ မကြာမကြာစကားပြောကြည့်ပါ။ ဒါက တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့ ခံစားချက်ကိုခံစားမိစေတာမလို့ လုပ်ငန်းခွင်စိတ်ဖိစီးမှုကို နည်းနည်းသက်သာစေပါတယ်။

ရုံးမှာ စိတ်ဖိစီးစရာတွေ အများကြီးပါ။ စိတ်ဖိစီးရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာမလို့ ဘယ်အရာက ပိုစိတ်ဖိစီးစေလဲဆိုတာကို သိအောင်လုပ်ဖို့နဲ့ အဖြေရှာဖို့က အရေးကြီးပါတယ်။

မနက်က လာပြီး ညနေပြန်နဲ့ ရုံးတက်ချိန်က အိမ်မှာ မိသားစုနဲ့နေရတာထက် အများကြီးပိုပါတယ်။ ဒါကြောင့် ရုံးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပါ။ သူတို့ကို မိသားစုလို ဆက်ဆံပါ။