အခုလိုအရမ်းပူလွန်းတဲ့ နွေရာသီရောက်နေပြီမလို့ နေပူဒဏ်ကိုကာကွယ်ဖို့နဲ့ အသားအရေမပျက်စီးစေဖို့ အပြင်သွားတဲ့အခါ မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ဒါဆို နွေရာသီမှာ အပြင်သွားတဲ့အခါ အိတ်ထဲမှာ ဘာတွေယူသွားသင့်လဲ ?

Sunscreen

Sunscreen က အိတ်ထဲမှာ အမြဲတမ်းပါသင့်တဲ့ လုံးဝအရေးကြီးဆုံး အရာပါပဲ။ အပြင်မသွားခင် အနည်းဆုံး မိနစ် 20 ကြိုလိမ်းပါ။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်မှုရဖို့အတွက် 3-4 နာရီတိုင်း Sunscreen ကို ပြန်လိမ်းဖို့ မမေ့ပါနဲ့။

Moisturizer

နွေရာသီမှာင် အသားအရေကို အစိုဓာတ်ထိန်းပေးဖို့ လိုတာမလို့ ကိုယ့်အသားအရေအမျိုးအစားပေါ် မူတည်ပြီး Moisturizer လိမ်းပေးပါ။

Body Spray

နွေရာသီမှာ ချွေးထွက်များလွန်းတဲ့အခါ ခန္ဓာကိုယ်မှာ ချွေးနံ့ဆိုးထွက်တာကနေ ကာကွယ်ဖို့နဲ့ သက်သာဖို့ Body Spray ဆောင်ထားသင့်ပါတယ်။

Sunglasses

မျက်လုံးကို အန္တရာယ်ရှိတဲ့ UV Ray တွေကနေ ကာကွယ်ဖို့ အပြင်သွားတိုင်း နေကာမျက်မှန်တစ်လက်က မဖြစ်မနေ ပါသင့်ပါတယ်။

Lip balm

နွေရာသီကလည်း ဆောင်းရာသီလိုမျိုး နှုတ်ခမ်းရဲ့အစိုဓာတ်ကို ခြောက်စေတာမလို့ Lip Balm ကို မဖြစ်မနေဆိုးပေးဖို့ လိုအပ်ပါတယ်။

နှုတ်ခမ်းနီ

ဒါကတော့ နွေရာသီမှမဟုတ်ဘဲ မိန်းကလေးတိုင်းရဲ့အိတ်ထဲမှာ ရှိသင့်တဲ့အရာပါ။

ရေဘူးအသေး

ပူလွန်းတဲ့အပူရှိန်ကြောင့် နွေရာသီမှာ ချွေးထွက်များပြီး ရေဓာတ်ပိုဆုံးရှုံးရပါတယ်။ ရေဓာတ်ရှိနေဖို့က မရှိမဖြစ်လိုအပ်တာမလို့ ရေများများသောက်ပေးပါ။ မကြာမကြာသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ 4-5 လီတာ သောက်ပါ။

ထီး သို့ ပုဝါ

ပြင်းလွန်းတဲ့နေရောင်ခြည်က မျက်နှာအသားအရေကို တိုက်ရိုက်ထိတာကို ကာကွယ်ဖို့ ထီး သို့ ပုဝါ ဆောင်ထားသင့်ပါတယ်။