ဖြစ်ချင်တာတွေ မဖြစ်ရတာ၊ လိုချင်တာတွေ ရမလာတာ၊ မြင်မြင်သမျှ  စိတ်ညစ်စရာ၊ စိတ်အားငယ်စရာတွေ ဖြစ်နေပြီဆိုကတည်းက သင် တစ်ခုခုတော့ ပြောင်းလဲဖို့လိုအပ်နေပါပြီ။ လူတော်တော်များများကလည်း သင်နဲ့တူတဲ့ အရာတွေ ဖြစ်နေကြမယ်ဆိုတာကို သင်သိပါလိမ့်မယ်။ တစ်ချို့ဆိုရင် သူတို့ကိုယ်သူတို့ စိတ်ညစ်လွန်းလို့ သက်သေသွားသူတဲ့အထိပါပဲ။

ဆိုလိုတာက စိတ်ညစ်ပြီဆိုရင် မြင်မြင်သမျှအရာတွေဟာ အမှားတွေချည်းလို့မြင်ပြီး ခံစားချက်တွေဟာလည်း အကောင်းဘက်ကို မဦးတည်တော့ပါဘူး။

အဲဒီတော့ သင်လုပ်ကိုလုပ်ရမယ့်အရာတစ်ခုကတော့ သင့်ကိုယ်သင် ပြောင်းလဲနိုင်အောင် လုပ်ဖို့ပါ။ ဖြစ်တည်၊ ခံစားနေရတာတွေကို ပြောင်းလဲဖို့ခက်တယ်ဆိုပေမယ့် နည်းလမ်းတွေ ရှာပြီး ကိုယ်တိုင် ရအောင် ပြောင်းလဲပါ။

ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်တာလဲ။ ကိုယ့်ကိုယ်ကို ဘယ်က ဘယ်လိုစပြောင်းမလဲ။ သေချာတာကတော့ တစ်ရက်၊ တစ်နာ လောက်နဲ့ အချိန်ပေးပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့လေ။ဒါပေမယ့် မိမိကိုယ်ကိုယ်မိမိ သေသေချာချာ သုံးသပ်ပြီး ပြောင်လဲသင့်တာတွေ ရှာဖွေရင်တော့ သင် ဘာတွေပြောင်းလဲဖို့လိုအပ်သလဲဆိုတာ တွေ့ပါလိမ့်မယ်။

ဥပမာအနေနဲ့ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်တွေက ပြောင်လဲဖို့လိုအပ်တဲ့ အချက်တွေဖြစ်ပါတယ်။

  • အလုပ်အပေါ်မှာအာရုံစူးစိုက်မှု မပေးနိုင်ခြင်း။
  • လူမှုကွန်ယက်ဝက်ဆိုဒ်ကို အသုံးအလွန်ပြုနေခြင်း။
  • စိတ်နဲ့ကိုယ်နဲ့ သဟဇာတမဖြစ်ခြင်း။

  • အစားပျက်၊ အသောက်ပျက်ဖြစ်ခြင်း။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု အားလျော့ခြင်း။
  • ညည အိပ်မရသည့် ပြဿနာဖြစ်ခြင်း။

ဒီအရာအားလုံး သင့်ကိုယ်ထဲစိတ်ထဲမှာ မထားရှိအပ်တဲ့ အရာတွေပါ။ ဘာလို့လည်းဆိုတော့ သင့်ကျန်းမာရေး၊ သင့်အလုပ်အကိုင်၊ သင့်အချစ်ရေးကအစ သင့်ကိုယ်သင် မြှင့်တင်နိုင်မယ့် အစွမ်းအစအားလုံးကို တားဆီးပိတ်ပင်နေတဲ့ အတွက်ပါ။

သင့်အတွေးတွေကို ပြောင်းလဲပစ်လိုက်ပါ။ အမြဲတမ်းကိုယ့်ကို ယုံကြည်တဲ့ အတွေးမျိုးတွေ ရှင်သန်အောင်ကြိုးစားပါ။ တခြားသူတွေကိုပါ သင်နဲ့အပါ ခေါ်ဆောင်ပါ။ နောက်ဆုံးတစ်ခုက သင် သင့်ကိုယ်သင် ဖြစ်စေချင်တဲ့ အပြောင်းအလဲကို ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်စိတ်ကို ကျေနပ်မှုဖြစ်စေမယ့် အပြောင်းအလဲ မျိုးကို ဆိုလိုတာပါ။

အလုပ်အကိုင်သော်လည်းကောင်း၊ (Personal Development) စွမ်းရည်ဖြည့်သင်တန်း သင်တန်းတစ်ခုခုသော်လည်းကောင်း တစ်ခုခု ကိုယ့်စိတ်ကို မြှင်တင်စေတဲ့ အရာမျိုးတစ်ခုပေါ။ သင် လုပ်နိုင်ပါလိမ့်မယ်။

Source: www.lifehack.org
Photo Source: Freepik.com