ဝတဲ့သူတွေဟာ ၀တ်စရာမရှိဘူး၊ ဘာဝတ်ဝတ်မလှဘူးလို့ထင်နေရင်တော့ အရမ်းကိုမှားသွားပါလိမ့်မယ်။ ၀မှလှတယ်ဆိုတဲ့စကားအတိုင်းပဲ ဘယ်လောက်ပဲ၀၀ ဖက်ရှင်ကျကျနဲ့ဝတ်တတ်ဖို့ပဲလိုတာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိနေဖို့ပဲလိုတာပါ။ ဘာကိုပဲဝတ်ဝတ် ယုံကြည်မှုရှိရှိနဲ့သာဝတ်ဆင်လိုက်ပါ။ ဒီလိုဝတ်ဆင်ဖို့ ၀၀ကစ်ကစ် Piggy လေးတွေအတွက် ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိနေစေမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Piggy လေးတွေအနေနဲ့ စကပ်အကားလေးတွေကို ဆွဲဆောင်မှုရှိနေစေမယ့်အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ အင်္ကျီကိုရွေးချယ်တဲ့အခါမှာတော့ အတွန့်အဖတ်တွေပါတာကို မရွေးချယ်သင့်ပါဘူး။ အနက်ရောင်ဝမ်းဆက်ဝတ်တာက ခန္ဓာကိုယ်ကို ပိန်သယောင်ဖြစ်စေပါတယ်။

Source: www.pinterest.com

ဝလို့ဆိုပြီးစကပ်အကျပ်လေးတွေမ၀တ်ရဘူးလို့ မထင်လိုက်ပါနဲ့။ စကပ်အကျပ်လေးတွေကို ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး တင်ပါးဖုံးစေမယ့် အပေါ်ထပ်တစ်ခုခုကိုသာ ၀တ်ဆင်လိုက်ပါ။ ကြည့်ရဆိုးနေတာမျိုးတွေ လုံးဝဖြစ်တော့မှာမဟုတ်ပါဘူး။

Source: www.pinterest.com

ဘောင်းဘီအကျပ်လေးတွေကိုဝတ်တဲ့အခါမှာလည်း ကြည့်ရမဆိုးအောင် လို့တင်ပါးဖုံးစေတဲ့အင်္ကျီအလန်းလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး ဒေါက်ဖိနပ်လေးသာစီးလိုက်ပါ။ အဆီတွေကိုလည်း ဖုံးသွားစေပါတယ်။

Source: www.pinterest.com

Business Woman ပုံလေးဝတ်ချင်ရင်လည်း ၀တ်လို့ရပါတယ်။ ဒါပေမယ့် အရောင်ရွေးချယ်တဲ့အခါမှာတော့ အနက် (သို့) နက်ပြာရောင်လေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။ အပေါ်ထပ်ကုတ်လေးတွေကိုတော့ မဖြစ်မနေ၀တ်ဆင်ပေးပါ။

Source: www.pinterest.com

ပွဲတွေသွားစရာရှိတဲ့အခါမျိုးမှာဆိုလည်း ဂါဝန်အကားလေးတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဒေါက်ဖိနပ်လေးစီးပေးဖို့သာ မမေ့ပါနဲ့။

Source: www.pinterest.com

ခြေမျက်စိအထက်ရောက်တဲ့ဂျင်းဘောင်းဘီလေးတွေကို တင်ပါးဖုံးတဲ့အင်္ကျီအကျပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ တင်ပါးနဲ့ဗိုက်ဖုံးတာလေးတွေကို ၀တ်ပေးရင်အဆင်ပြေပါတယ်။ ဒေါက်ဖိနပ်စီးတာက ပိုပြီးဆွဲဆောင်မှုရှိရှိနဲ့စမတ်ကျစေလို့ ဒေါက်ဖိနပ်တော့စီးပေးပါ။

Source: www.pinterest.com

အင်္ကျီမှာအတွန့်လေးတွေပါတာကိုဝတ်ချင်ရင်တောင် ကိုယ်ကျပ်အင်္ကျီ ရင်ဘတ်ပြဲပြဲလေးတွေကိုပဲ ၀တ်ဆင်ပါလို့ အကြံပြုပါတယ်။ ဒါကတော့ သင့်အနေနဲ့ ယုံကြည်မှုအပြည့်အ၀ရှိရင် ၀တ်ဆင်နိုင်ပါတယ်။

Source: www.pinterest.com

Piggy လေးတွေအနေနဲ့ ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ဂါဝန်အကားလေးတွေကိုဝတ်ဆင်ပြီး ဘွတ်အရှည်လေးတွေကို စီးပေးပါ။ ဘွတ်အရှည်လေးတွေစီးထားရင် ခြေသလုံးကြီးတာလည်း သိပ်မသိသာတော့ပါဘူး။

Source: www.pinterest.com