အားလုံးပဲ မင်္ဂလာပါနော်။ တော်တော်များများက Outfit အရောင်အတွက်ဆိုရင် အရောင်တောက်တာထက် အမဲ၊ အညိုလိုမျိုး ကာလာရင့်အမှိုင်းတွေ ဒါမှမဟုတ် ခပ်နုနုအရောင်လေးတွေကို ရွေးကြတာများပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အရောင်တောက်တောက် Outfit တွေဆင်ပေးတာက သင့်ကိုအရှိန်အဝါပိုထင်းပြီး အများကြားမှာထင်ပေါ်စေတာမို့ ဝတ်ကြည့်တာက မမှားပါဘူး။

ဒီတစ်ခေါက်မှာ အစိမ်းရောင်တောက်တောက် ဖက်ရှင်ကိုမှ တွဲစပ်ဝတ်နိုင်မယ့် Outfit အိုင်ဒီယာလေးတွေကို ဖော်ပြပေးသွားမှာပါ။ အစိမ်းရောင်ကြိုက်တဲ့ သူတွေ အကြိုက်တွေ့စေမှာဖြစ်သလို သဘာဝနဲ့နီးစပ်တဲ့အရောင်လေးဖြစ်လို့ ဝတ်လိုက်တိုင်းသင့်ကို ယုံကြည်မှုတိုးစေမှာပါနော်။

Cool ဖြစ်တဲ့ Vibe အပြည့်ရဖို့ အတွင်းက အမဲရောင် Tuttleneck အင်္ကျီတစ်ထပ်ထပ်ပြီး အပေါ်က အစိမ်းတောက်တောက် Blazer ၊ အစိမ်းရောင် စကပ်တိုတို့နဲ့ တွဲဝတ်ပါမယ်။ သင့်ကို Runway မော်ဒယ်လ် တစ်ယောက်လို အထာကျသွားစေမှာပါ။


အစိမ်းလက်ရှည်၊ ဘောင်းဘီရှည် ဝမ်းဆက်ဝတ်မယ်ဆိုရင် ပုံထဲကလို အညိုရောင် Leather ဂျာကင်တစ်လုံးနဲ့ တွဲဝတ်လိုက်ပါနော်။ အစိမ်းနဲ့ အညိုရဲ့ပေါင်းစပ်မှုက တစ်မျိုးဆန်းပြီး လိုက်ဖက်နေတာကို တွေ့ရမှာပါ။


အစိမ်းရောင် Crop Top တွေဝတ်မယ်ဆိုရင် အောက်က ဘောင်းဘီအပွ အမဲရောင်လေးနဲ့တွဲဝတ်လိုက်ပါနော်။ Boyish ဖက်ရှင်မျိုးရပြီး လုံးဝအထာကျစေမှာပါ။


နောက်ထပ် အစိမ်းရောင်အတောက် Crop Top တွေနဲ့တွဲဝတ်နိုင်မယ့် အတွဲအစပ် Look လေးတွေဖြစ်ပါတယ်။


ခါးရှည် Oversized Shirt ကြီးတွေကို Mini Dress ပုံစံဝတ်တာမျိုးကလည်း အတိုဝတ်ရဲမယ်ဆိုရင် Try ကြည့်သင့်တဲ့ Look တစ်ခုပါ။ မော်ဒယ်လ်တစ်ယောက်လိုအထာကျစေပါလိမ့်မယ်။


အစိမ်းကိုမှ အတောက်နဲ့ အနု Shade နှစ်မျိုး တွဲဝတ်တာကလည်း လုံးဝလင်းပြီး အများကြားထင်းနေစေပါလိမ့်မယ်။


အစိမ်းရောင်အတောက် Cargo ဘောင်းဘီတွေကလည်း သင့်ကိုလုံးဝအထာကျစေမှာပါနော်။


ဘောင်းဘီနဲ့ Bra ကိုအစိမ်းရောင်ရွေးပြီး အပေါ်က မှန်သား Top နဲ့တွဲဝတ်တာကလည်း ဖက်ရှင်အရမ်းကျတာမို့ အထာကျကျ ဓာတ်ပုံရိုက်ချင်သူတွေအတွက် ကွက်တိပါပဲ။

Photo Source: Pinterest

By MyStyle Myanmar