မင်္ဂလာပါ ပျိုမေတို့ရေ။ “လူမှာအဝတ်၊ တောင်းမှာအကွပ်” ဆိုတဲ့စကားအတိုင်း အဝတ်အစားက လူကိုပုံစံပြောင်းပေးနိုင်တာမို့ အသက်ငယ်ပုံပေါက်စေမယ့် ဖက်ရှင်လေးတွေရွေးဝတ်တာက သင့်ကို ရှိရင်းစွဲထက် ပိုနုစေမှာပါနော်။ ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမယ့် ဖက်ရှင်လေးတွေက နိုင်ငံခြား ဆယ်ကျော်သက်ကျောင်းသူလေးတွေ ဝတ်သလို Outfit အတွဲအစပ်လေးတွေဖြစ်လို့ သင့်ကို ချစ်စရာ ဆယ်ကျော်သက်လေးပုံစံ ပြောင်းလဲပေးမှာပါ။

စကပ်တိုအသားပေးတဲ့ ပေါ့ပေါ့ပါးပါး စတိုင်လေးတွေဖြစ်လို့ အတိုဝတ်တတ်တဲ့သူတွေနဲ့လည်း ကွက်တိပါပဲ။ ဒီတော့ ဝတ်ကြည့်ဖို့ Idea ရှာနေတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

Mini စကပ်ကို ခါးပတ်အပါးလေးတွေပတ်ပြီး အပေါ်က လက်ဖောင်း Top လေးတွေ လက်ရှည်ဆွယ်တာအပါးလေးတွေနဲ့ တွဲဝတ်ပါနော်။ ဘီးကုပ်နဲ့ Beanie ဦးထုပ်စတဲ့ Accessories လေးတွေနဲ့ တွဲဝတ်ရင် ပိုချစ်စရာကောင်းပါတယ်။


ခါးမဖော်ချင်တဲ့သူတွေက Hoodie လေးတွေကို စကပ်နဲ့တွဲဝတ်တာမျိုး လုပ်နိုင်ပါတယ်နော်။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ စတိုင်လေးပါ။


Boyfriend Shirt အပွလေးနဲ့ စကပ်တွဲဝတ်တာကလည်း သင့်ကို ကလေးအရမ်းမဆန်ဘဲ ချစ်စရာကောင်းစေပါလိမ့်မယ်။


Cropped Sweater လေးနဲ့ Mini စကပ်လေး တွဲဝတ်တာကလည်း အထာကျပြီး ဓာတ်ပုံရိုက်လို့လည်း လှပါတယ်။


Oversized Shirt နဲ့ စကပ်တိုလေးကလည်း သင့်ကို ထသွားထလာ ဝတ်ဖို့ အဆင်ပြေစေမှာပါ။


High School ကောင်မလေးတွေဝတ်နေကျ အထဲက အဖြူခံပြီး အပေါ်ဝတ်လေး ထပ်ဝတ်သလို ပုံစံ ဝတ်ကြည့်ပါ။ အောက်မှာပြထားတဲ့ Outfit လေးတွေ နမူနာယူနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar