Kpop Fashion တွေအကြောင်း စိတ်ဝင်စားကြတဲ့ စာဖတ်သူတို့အားလုံးပဲ မင်္ဂလာပါနော်။ အရုပ်ကလေး တစ်ရုပ်ချထားသလို ပြစ်မျိုးမှဲ့မထင်တဲ့ Visual အလှ ပိုင်ဆိုင်ထားတဲ့ Aespa အဖွဲ့ဝင်လေး Karina ကိုတော့ Kpop ချစ်သူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။ Karina ဟာ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သလို Main Dancer နေရာကိုပါ တာဝန်ယူထားသူဖြစ်ပါတယ်။ သူမဟာ Aespa အဖွဲ့အပြင် နာမည်ကြီးမိန်းကလေး Idol Generation ၃ခုပေါင်းစပ်ထားတဲ့ Girls On Top (GOT The Beat) အဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါသေးတယ်။


ကိုးရီးယားနာမည်ကတော့ Yu Jimin ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာမွေးခဲ့သူမို့ အသက် ၂၃ နှစ်ရှိပါပြီ။ သူမဟာ Idol အဖြစ် ပွဲဦးမထွက်ခင်က ကိုးရီးယားနိုင်ငံရဲ့ Trend တစ်ခုဖြစ်တဲ့ Ulzzang ဖက်ရှင် Model အနေနဲ့ လုပ်ကိုင်ခဲ့သူမို့ ဖက်ရှင်ပိုင်းနဲ့ လုံးဝမစိမ်းတဲ့သူပါ။ V Shape မျက်နှာသေးသေးလေးအပြင်၊ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးကိုပါ ပိုင်ဆိုင်ထားတာမို့ ဓာတ်ပုံရိုက်တဲ့အခါ ရှုထောင့်မျိုးစုံက လှနေတတ်သူလေးလည်း ဖြစ်ပါတယ်။ မော်ဒယ်လ်လုပ်ဖူးသူပီပီ Karina ရဲ့ဖက်ရှင်လေးတွေက ခေတ်ဆန်ပြီး Trend ဖြစ်တာမို့ အခုခေတ် လူငယ်ကောင်မလေးတွေအကြိုက်နဲ့ကွက်တိပါပဲ။


ဒီတစ်ခေါက်မှာ Karina ဝတ်ခဲ့တဲ့ဖက်ရှင်တွေထဲက အနက်ရောင် Outfit လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ အနက်ရောင်ကိုမှ ရွေးဝတ်တတ်တဲ့ ပျိုမေတို့ Idea ယူပြီးလိုက်ဝတ်နိုင်မှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-


Photo Source: Pinterest

By MyStyle Myanmar