ယောက်ျားလေးအဝတ်အစားကို ဝတ်ရတာကြိုက်တဲ့ကောင်မလေးတွေအတွက် ဒီတစ်ခါ ကောင်လေးတွေဝတ်နေကျ စတိုင်ကျပြီး ပေါ့ပေါ့ပါးပါးလည်းဖြစ်တဲ့ Boxer Shorts တွေကို မိန်းကလေးတွေနဲ့လည်း ချစ်စရာကောင်းတဲ့ ခံစားမှုမျိုးရအောင် ဝတ်လို့ရတဲ့ OOTD လေးတွေ ဝေမျှပေးချင်ပါတယ်။

ပေါ့ပါးလွတ်လပ်တဲ့ ကောင်မလေးပုံစံမျိုးဖြစ်အောင် ဒီလိုမျိုး အပေါ်ထပ်လေးနဲ့တွဲဝတ်ကြည့်ပါ။ ဖက်ရှင်ကျကျဖြစ်စေဖို့ ဒီလိုဦးထုပ်လေး‌ပါ ဆောင်းကြည့်ပါ။

လူငယ်ကောင်မလေးလို စတိုင်ကျကျဖြစ်နေဖို့ အဖြူရောင် ဂျာစီ ရှုံ့ကြိုး ဘောင်းဘီတို ၊ အဖြူရောင် Crop Top ကိုမှ ကိုယ်ကြိုက်တဲ့ Sneakers နဲ့တွဲဝတ်လိုက်ပါ။

Boxer Short နဲ့ Crop Top ကိုမှ အပေါ်က ရှပ်တစ်ထည်ထပ်ဝတ်ပြီး သက်တောင့်သက်သာရှိတဲ့ sandals နဲ့တွဲဝတ်တာက လုံးဝကို Sunny Vibes ရစေမှာပါ။

သူငယ်ချင်းတွေနဲ့ Coffee Date သွားတဲ့အခါမျိုးမှာ Boxer Short ကို ဒီလို Tank Top လေးနဲ့ တွဲဝတ်ကြည့်ပါ။

Boxer Short နဲ့ ဂရပ်ဖစ်တီရှပ် တွဲဝတ်လိုက်ရင်တော့ သက်တောင့်သက်သာရှိတဲ့ ခံစားချက်မျိုးရစေမှာပါ။

အလုပ်ထဲမှာ အမိုက်ဆုံးနဲ့ ပေါ့ပေါ့ပါးပါး စမတ်ကျတဲ့ ပုံစံမျိုးအတွက်ဆိုရင်တော့ Boxer Short ရယ် မီးခိုးရောင် တီရှပ်အင်္ကျီရယ်ကိုမှ အပေါ်က အနက်ရောင် Blazer ဝတ်လို့ရပါတယ်။