မင်္ဂလာပါ ပျိုမေတို့ရေ။ ရုံးတက်ရတဲ့ပျိုမေတို့အတွက် ဖက်ရှင်ရွေးချယ်တဲ့အခါမှာ ပျင်းစရာမကောင်းဘဲ အမြဲဆန်းသစ်တဲ့စတိုင်လေးရနေဖို့ နမူနာယူနိုင်မယ့် Outfit အတွဲအစပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။ ရုံးတက်ဖို့အတွက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့အပြင် သင့်ကိုလုံး၀ ခေတ်မှီကာ စမတ်ကျစေမှာဖြစ်ပြီး ဖက်ရှင်အမြင်ရှိတဲ့သူတစ်ယောက်အဖြစ် အများကြားမှာ ပေါ်လွင်နေမှာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အပေါ်ထပ် Blazer နဲ့ Jean ဘောင်းဘီတွဲစပ်ဝတ်တာက ဘယ်တော့မှမရိုးဘဲ တည်ငြိမ်ပြီးစမတ်ကျနေမယ့် ဖက်ရှင်မျိုးပါနော်။ Blazer အမဲရောင်လေးက သင့်ကိုလုံးဝအထာကျစေမှာပါ။ ဖိနပ်ကိုတော့ အခုနောက်ပိုင်းခေတ်စားနေတဲ့ Loafer ဖိနပ်လေးနဲ့တွဲဝတ်နိုင်ပါတယ်။


ရာသီဥတုအေးတဲ့နေ့တွေမှာဆိုရင် အပေါ်က Cardigan နဲ့အောက်က High Waist ဂျင်းလေးနဲ့တွဲဝတ်လို့ အရမ်းလှပါတယ်နော်။ Boots အတိုလေးနဲ့တွဲဝတ်ရင် ပိုအထာကျပါတယ်။


Black & White Outfit ပုံစံဝတ်မယ်ဆို အပေါ်က ခေါင်းစည်း၊ လက်ကိုင်အိတ်စတဲ့ အရောင်ရင့်ရင့် Accessories လေးတွေ ထည့်ဝတ်ပြီး ထူးခြားသွားအောင်လုပ်လို့ရပါတယ်နော်။


ရှပ်အဖြူကို အရောင်တူတဲ့ Blazer ၊ ဘောင်းဘီအောက်ပွလေးနဲ့တွဲဝတ်ကြည့်ပါ။ ပေ့ါပေါ့ပါးပါးလေးဖြစ်အောင် အောက်က Sneaker ဖိနပ်နဲ့တွဲဝတ်နိုင်ပါတယ်။


ဇာအင်္ကျီတွေကလည်း တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ Look မျိုးပေးနိုင်ပါတယ်။ အောက်က စတိုင်ဘောင်းဘီအပွလေးနဲ့ တွဲဝတ်ပေးမယ်ဆိုရင် ရှင်းရှင်းလေးနဲ့ ကြည့်လို့ကောင်းနေပါလိမ့်မယ်။


Jumpsuit တွေကလည်း အပေါ်အောက်ဝမ်းဆက်လိုမြင်ရတာမို့ ထွေထွေထူးထူးရွေးစရာမလိုဘဲ အထာကျနေမယ့်စတိုင်လေးဖြစ်ပါတယ်။ ဒေါက်ဖိနပ်လေးတွေနဲ့တွဲဝတ်ရင် ပိုပြီးစတိုင်ကျစေမှာပါ။


ဂါဝန်အဖြူလေးနဲ့အတူ အပေါ်က အပြင်ထက်အကျီၤလေးတွဲဝတ်ပေးတာကလည်း ပေါ့ပေါ့ပါးပါးရှိပြီး ရုံးတက်လို့ရတဲ့ ခပ်ရှင်းရှင်းစတိုင်လေးဖြစ်ပါတယ်။

Photo Source: preview.ph

By MyStyle Myanmar