စိတ်ထဲမှာ Jean Short တွေဟာ ပေါ့ပေါ့ပါးပါးအင်္ကျီနဲ့ တီရှပ်တွေနဲ့သာ လိုက်တယ်လို့ တွေးနေတုန်းလား? Jean Shorts ကို စတိုင်လ်ကျဖို့ ဘယ်လိုတွဲဝတ်ရမလဲဆိုတာ စဥ်းစားရခက်နေရင် ဒီလိုလေးတွေ တွဲဝတ်ကြည့်ပါ။

Jean Short နဲ့ အရောင်တောက်ကောက် ပေါင်းစပ်မှုက ပေါ့ပေါ့ပါးပါးနဲ့ သင့်ကို စမက်ကျနေမှာပါ။

ဒီလို ရှပ်အပွတွေနဲ့လည်း လိုက်ဖက်ပါတယ်။

Graphic Tee နဲ့ Jean Short ကတော့ လူငယ်ဆန်တဲ့ Vibe ကို ရစေပါတယ်။

အနက်ရောင် Blazer၊ Corset တို့နဲ့ တွဲဝတ်လိုက်ရင်တော့ သူငယ်ချင်းတွေနဲ့ ညစာစားဖို့ ဒါမှမဟုတ် Night Out အတွက် လိုက်ဖက်ပါတယ်။

ရိုးရှင်းတဲ့ Ribbed Tank Top လေးရယ် Jean Short နဲ့ဆို ပေါ့ပါးတဲ့အသွင်ရစေပါတယ်။

Blazer ရယ် Jean Short ရယ်က ရုံးတက်ပျိုမေတွေအတွက် ပေါ့ပါးတဲ့ဖက်ရှင်ပါ။

တနင်္ဂနွေ အလုပ်ကိစ္စ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး နေ့လည်စာစားဖို့သွားတဲ့အခါ Jean Short ကို ဒီလို Coat အပွလေးနဲ့လည်း တွဲဝတ်လို့ရပါတယ်။