ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်ပေးတတ်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။ ပို့စ်မပေးတတ်တဲ့သူတွေကျတော့ ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေက အသုံးဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

အခုခေတ်စားနေတဲ့ပုံစံလေးဖြစ်ပြီးတော့ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကို ပေါ်လွင်စေမယ့် ပို့စ်အိုင်ဒီယာအဆန်းလေးပါ။

ဆန်းသစ်တဲ့ပုံစံလေးပို့စ်ပေးချင်ရင်တော့ ဒီလိုအပေါ်စီးကနေရိုက်ပြီး ပို့စ်ပေးကြည့်ပါ။

ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းအောင်ဆိုရင် ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါတယ်။

မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါဆိုရင် ဒီလိုမျိုးလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်လေး ပိုပေါ်လွင်စေပါတယ်။

နောက်တစ်မျိုးအနေနဲ့ ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ပို့စ်လေးပါပဲ။ လုပ်ရတာလည်း လွယ်ကူပါတယ်။

လှလှပပလေး ဝတ်စားထားတဲ့အခါမှာ အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေးပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပိုပြီးပေါ်လွင်သွားစေပါတယ်။

ပို့စ်သိပ်မပေးတတ်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက် ရိုးရိုးလေးနဲ့ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို အပြည့်အစုံပေါ်လွင်စေမယ့် ပို့စ်လေးပါ။

နောက်တစ်မျိုးအနေနဲ့ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။ ကိုယ့်ရဲ့ဖက်ရှင်အားလုံးလည်း ပေါ်လွင်စေပါတယ်။

လှလှပပလေး ဝတ်စားထားတဲ့အခါမှာ ကိုယ့်ဖက်ရှင်ကိုပိုပြီးပေါ်လွင်စေမယ့် နောက်ထပ်ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။

လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး ကိုယ်ဝတ်ထားတဲ့ဖက်ရှင်လည်း ပေါ်လွင်စေမယ့် ပို့စ်ပေးနည်းလေးပါ။

စတိုင်လ်ကျကျ ဖက်ရှင်ကျကျ မိမိုက်နေတဲ့ Look မျိုးလေး ဝတ်စားထားရင်တော့ ဒီပို့စ်လေးကိုသာ အသုံးချလိုက်ပါ။ ကိုယ့်ဖက်ရှင်နဲ့ကွက်တိဖြစ်မယ့် ပို့စ်လေးပါပဲ။