အားလုံးပဲ မင်္ဂလာပါ၊ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ သားသမီးအလှပဂေးလေးတွေကို အားပေးဖို့အဆင်သင့်ဖြစ်နေပြီလား၊ တချို့တွေက စာဖတ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ တချို့ကျတော့လည်း မိဘအရှိန်အဝါကြောင့် အောင်မြင်နေတာလို့ အပြောမခံချင်ကြလို့ သူတို့မိဘက ဘယ်ရုပ်ရှင်မင်းသား၊ မင်းသမီးဖြစ်ပါတယ်ဆိုတာကို မဖော်ပြကြဘဲ ပါပါရာဇီတွေအဖော်ကောင်းလို့ ပေါ်သွားကြတာမျိုးလည်း ရှိပါတယ်။
၁။ Victoria Beckham ရဲ့သား Brooklyn Beckham
Brooklyn အကြောင်းကိုတော့ အထွေအထူးပြောပြနေစရာမလိုလောက်ဘူးထင်တယ်နော်၊ စာဖတ်သူပျိုမေလေးတွေက ကိုယ့်ထက်ပိုသိရင်တောင် သိနေဦးမှာ။ Victoria ရဲ့ကုမ္ပဏီက ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ သူ့ကုန်ပစ္စည်းကို ကြေညာဖို့ သူ့သားကို ပွဲထုတ်လိုက်တာပါ။ အခုဆို Brooklyn က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားတစ်လက်ဖြစ်နေတဲ့အပြင် ပါရမီရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်နေပါပြီ။
၂။ Johnny Depp ရဲ့သမီး Lily Rose Depp
၂၀၁၆ ခုနှစ်မှာ Yoga Hosers ဆိုတဲ့ဇာတ်ကားမှာပါဝင်ခြင်းအားဖြင့် Lily က သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်လာပါတယ်။ လူအများစုက သူမဟာ အဖေရဲ့အရှိန်အဝါကြောင့် သရုပ်ဆောင်လောကထဲ အလွယ်လေးရောက်လာတာ၊ အဖေ့အောင်မြင်မှုကြောင့် သူမ မကြိုးစားလည်း အောင်မြင်နေမှာပဲလေ ဆိုတာမျိုး အထင်ခံနေရတာကြောင့် သူမကို အလုပ် ၂ ဆ ပိုကြိုးစားဖြစ်အောင် တွန်းအားပေးနေတယ်လို့ ပြောကြားထားပါတယ်။
၃။ Jude Law ရဲ့သမီး Iris Law
အသက် ၁၈ နှစ်သာရှိသေးပေမဲ့ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်မလေး Iris က စတိတ်စင်မြင့်ထက်မှာ ရှိုးလျှောက်တဲ့အခါ ယုံကြည်ချက်အပြည့်နဲ့လျှောက်လှမ်းပြီး ခြေလှမ်းတိုင်းက သူ့မိဘတွေသူ့အတွက် ဂုဏ်ယူဝင့်ကြွားစေပါတယ်။
၎။ Will Smith ရဲ့သား Jaden Smith
Jaden ဟာဆိုရင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်၊ သီချင်းရေးဆရာ၊ အဆိုတော် ရက်ပါတစ်ယောက်ပါ။
၅။ Cindy Crawford ရဲ့သမီး Kaia Gerber
ကမ္ဘာကျော် အမေရိကန်လူမျိုးမော်ဒယ် သရုပ်ဆောင် Cindy မှာ အောင်မြင်နေတဲ့ မော်ဒယ်မလေး Kaia လို့ခေါ်တဲ့ သမီးအချောအလှလေးတစ်ယောက်ရှိပါတယ်။ လူအချို့က Kaia က Cindy ရဲ့ကိုယ်ပွားလို့ ပြောရလောက်တဲ့အထိတောင် ရုပ်ချင်းချွတ်စွတ်တူပါတယ်။
၆။ John Anniston ရဲ့သမီး Jennifer Aniston
Jennifer Anniston ကတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်ပါပဲ။ သူမက သရုပ်ဆောင်ဆုအမြောက်အမြားကို ဆွတ်ခူးရရှိထားပြီး ယခုအချိန်အထိငယ်ရွယ်နုပျိုနေဆဲပါပဲ။ John က Jennifer ရဲ့အဖေလို့ အခေါ်ခံရတာကိုလည်း ဂုဏ်ယူတယ်လို့ ပြောကြားထားပါတယ်။
၇။ Don Johnson ရဲ့သမီး Dakota Johnson
Fifty Shades Of Grey ရဲ့ မင်းသမီးလေး Dakota နဲ့ စာဖတ်သူတွေ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူမက အသက် ၁၁ နှစ်အရွယ်ကတည်းက အနုပညာလုပ်ငန်းတွေကို စတင်လုပ်ကိုင်နေပါပြီ။ ၂၀၀၆ ခုနှစ်မှာ ရွှေရောင်ကမ္ဘာလုံးဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မင်းသမီးပါ။ သူမက အောင်မြင်နေတဲ့မင်းသမီးတစ်လက်လည်း ဖြစ်သလို အောင်မြင်နေတဲ့မော်ဒယ်တစ်ယောက်ဆိုလည်း မမှားပါဘူး။
Source: Brightside.me