အားလုံးပဲမင်္ဂလာပါနော်။ ကိုယ်အလေးချိန်လျှော့နေပေမယ့် ဘာလို့ ကိုယ်အလေးချိန်မကျရတာလဲဆိုပြီး မေးနေကြတဲ့သူတွေအတွက် သင်ပြုလုပ်မိတဲ့ အမှားလေးတွေကို မျှဝေပေးချင်ပါတယ်။
ဝိတ်ချတယ်ဆိုတာ တကယ်ကို ခက်ခဲတဲ့အရာပါ။ အစားအသောက်၊ ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေ၊ ကယ်လိုရီတွက်ချက်လို့ စားချင်တာမစားရတာတွေ စသဖြင့် အများကြီးပါပဲ။
ဒါပေမယ့် သင့်ရဲ့ အပြုအမူတချို့က ကိုယ်အလေးချိန်ကျဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။
ဘယ်လိုအမူအကျင့်လေးတွေဖြစ်မလဲဆိုတာကို စာဖတ်သူတို့ ပြင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
၁။ မနက်စာမစားခြင်း
၂။ ရေအလုံအလောက်မသောက်ခြင်း
၃။ နောက်ကျမှ ညစာစားခြင်း
၎။ အိပ်ရေးဝဝမအိပ်ခြင်း
၅။ အဆီလုံးဝမပါတဲ့ အစားအစာတွေပဲစားခြင်း (သင့်အတွက် Omega 3 လို အဆီတွေလိုအပ်ပါတယ်။)
၆။ အစာစားနေချိန်မှာ တခြားအရာအပေါ်မှာ အာရုံစူးစိုက်ခြင်း
၇။ အရက်တွေ၊ ဘီယာတွေသောက်ခြင်း
၈။ အမြဲတမ်း အလုပ်စားပွဲမှာပဲ ထိုင်နေခြင်း
Source: www.brightside.me
By: MyStyle Myanmar