အားလုံးပဲ မင်္ဂလာပါ။ သင်္ကြန်ကာလမတိုင်ခင် MyStyle Myanmar မှ စာဖတ်ချစ်ပရိတ်သတ်များအတွက် ခရီးသွား Review ရေးပြိုင်ပွဲကြီး ပြုလုပ်ပေးခဲ့တာကို မှတ်မိအုံးမယ်လို့ ထင်ပါတယ်နော်။ စိတ်ဝင်တစားနှင့် ပါဝင်ယှဉ်ပြိုင်သူတွေများခဲ့ပြီး Hedgren မှ ဆုလက်ဆောင်အနေနဲ့ ပေးအပ်တဲ့ အဖိုးတန်ခရီးဆောင်အိတ်ကိုတော့ မဇာလေးမှ ဆွတ်ခူးသွားခဲ့ပါတယ်နော်။ ထိုပြိုင်ပွဲမှာ ဆုမရရှိခဲ့လို့ စိတ်မကောင်းဖြစ်နေသူများအတွက် Hedgren နှင့် MyStyle Myanmar တို့ပူးပေါင်းပြီးတော့ နောက်ထပ်အစီအစဉ်ကောင်းလေးတစ်ခုကို ထပ်မံပြုလုပ်ပေးလိုက်ပါပြီ။ အားလုံးပဲစိတ်ပါဝင်စားကြမယ်လို့ ထင်ပါတယ်နော်။

ဘယ်လိုအစီအစဉ်လေးလဲ

Quiz ပုံစံလေးဖြစ်ပြီး မေးခွန်းငါးခုထည့်သွင်းထားကာ မှန်အောင်ဖြေဆိုလိုက်ရုံနဲ့ Hedgren မှ ပေးအပ်တဲ့ လက်ကိုင်အိတ်ကို ကံထူးနိုင်မယ့် အခွင့်အရေးကောင်းလေးပါ။ လုပ်ဖို့လိုအပ်တာတွေကတော့

  • မေးခွန်းလေးတွေကို တစ်ခုချင်းစီ ဖြေဆိုသွားရပါမယ်။
  • အားလုံးဖြေဆိုပြီးသွားလျှင်တော့ အမည်နဲ့ E-mail Address ကို Quiz ရဲ့ နောက်ဆုံးမှာ ပြန်လည်ထည့်သွင်းပေးရပါမယ်။

မေးခွန်းတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ လုပ်ရမှာကလည်း လွယ်လွယ်လေးပါပဲ။ ဒါ့အပြင် အဖြေတွေကိုတော့ Hedgren ရဲ့ Facebook စာမျက်နှာမှာ သွားရောက်ရှာဖွေဖတ်ရှုနိုင်လို့ ဒီလိုမျိုးအခွင့်အရေးကောင်းလေးကို လက်လွှတ်မခံလိုက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။

ဘယ်နေ့အထိလဲ

ယနေ့  ဇွန်လ ၁၀ ရက်၊ တနင်္ဂနွေနေ့မှ စတင်ကာ Quiz ကို စတင်ပြုလုပ်သွားမှာဖြစ်ပြီး အချိန်တစ်ပတ်တိတိ ပေးထားပါတယ်။ ပါဝင်ယှဉ်ပြိုင်သူများထဲကမှ အဖြေမှန်သူတွေကို သေသေချာချာ ရွေးချယ်သွားမှာဖြစ်သလို အနိုင်ရရှိသူကိုတော့ ဇွန်လ ၁၇ ရက်၊ တနင်္ဂနွေနေ့တွင် MyStyle Myanmar စာမျက်နှာပေါ်မှာ ထုတ်ပြန်ကြေညာပေးသွားမှာပါ။ ကိုယ်အပါအ၀င် သူငယ်ချင်းမိတ်ဆွေတွေလည်း ကံထူးနိုင်စေဖို့ ပြန်လည်ဝေမျှလိုက်ပါအုံး။

ဒီတစ်ခါရော ဘာဆုလက်ဆောင်ပေးမှာလဲ

ပါဝင်ယှဉ်ပြိုင်သူများထဲကမှ သေချာရွေးချယ်ထားသည့် အနိုင်ရရှိသူကိုတော့ ၁၉၂၀၀၀ ကျပ် တန်ဖိုးရှိသည့် Hedgren လက်ကိုင်အိတ်ကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ Quiz ဖြေလိုက်ရုံနဲ့ ဒီလိုမျိုး အဖိုးထိုက်တန်တဲ့ လက်ကိုင်အိတ်ကို ဆုလက်ဆောင်အနေနဲ့ ကံထူးနိုင်လို့ အချိန်ရှိတုန်း သတိတရနဲ့ မေးခွန်းလေးတွေ ဖြေဆိုလိုက်ရအောင်။

Hedgren CHARM အကြောင်း တစေ့တစောင်း

အချိန်နေရာမရွေး လွယ်လွယ်ကူကူ သယ်သွားလို့ရမယ့်၊ လိုအပ်တဲ့ပစ္စည်းတွေလည်း အတော်အသင့်ဝင်ဆံ့မယ့် အိတ်လေးတစ်လုံးကို လိုချင်တယ်ဆိုရင်တော့ Hedgren CHARM အိတ်လေးက ဘယ်တော့မှနောင်တမရမယ့် ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးနဲ့ အသေသပ်ဆုံး လက်ရာနှင့်ဖန်တီးထားသည့်အပြင် ပေါ့ပါးသည့်ကိုယ်ထည်ကြောင့် ကိုယ်နှင့်မကွာ သယ်ဆောင်သွားနိုင်မှာပါ။

Hedgren အမှတ်တံဆိပ် ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ Facebook လင့်ခ်လေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖတ်ရှုနိုင်ပါတယ်နော်။

Hedgren အိတ်များကိုတော့ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်ရှိ Casabella Show Rooms များတွင် ၀ယ်ယူရရှိနိုင်ပါပြီ။

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar

Quiz Link