ဒီဆောင်းပါးလေးကတော့ စာဖတ်သူတို့ကို ဒီလိုပုံစံမျိုးရိုက်ဖို့ တိုက်တွန်းချင်တာမဟုတ်ပါဘူးနော်။ ကမ်းခြေသွားပြီး ဘစ်ကနီနဲ့ဓာတ်ပုံရိုက်ချင်ခဲ့ရင် ကိုယ့်ကိုကိုယ် ရုပ်ဆိုးမသွားအောင် ဘယ်လိုကာကွယ်ပြီး ပို့စ်ပေးလို့ရသလဲဆိုတာ မျှဝေပေးချင်တာပါ။

ရိုးရိုးအပျော်တမ်း ဓာတ်ပုံရိုက်တဲ့သူအတွက်ရော၊ ပရော်ဖက်ရှင်နယ်တွေအတွက်ရော အဆင်ပြေအောင် ပုံလေးတွေနဲ့ တွဲပြီး မျှဝေပေးထားပါတယ်။ ကဲကြည့်လိုက်ရအောင်နော်။

၁။ ခြေထောက်နှစ်ဖက်လုံးကို သိပ်မခြားဘဲ တညီတည်းထားတာဟာ သင့်ကို ရုပ်ဆိုးစေပါတယ်။ ဒုတိယပုံမှပြထားသလို ဒူးတစ်ဖက်ထောင်ပြီး တစ်ဖက်ကို ချထားပေးပါ။

၂။ ဒူးကို ကင်မရာနဲ့ တည့်တည့်ထားရင် သင့်ရဲ့ ခန္ဓာကိုယ်မှာ အဆီစုပြီး ၀တယ်လို့ ထင်စေပါတယ်။ ဒါ့ကြောင့် ခြေထောက်တစ်ဖက်ကို ဆင်းပြီးပြေပြေလေးချမယ်။ ဒူးတစ်ဖက်ကို ထောင်ထားမယ်။ လက်တစ်ဖက်ကို ဘေးမှာချ တဖက်ကို ဒူးပေါ်တင်ထားပြီး ပို့စ်ပေးတာ ပိုစွဲဆောင်မှုရှိစေပါတယ်။

၃။ မျက်နှာကို အနီးကပ်အပေါ်view ကနေ ရိုက်တဲ့အခါမှာ လည်ပင်းပျောက်သွားတဲ့ပုံစံမျိုး မရိုက်ပါနဲ့။ မျက်လုံးနဲ့ ကင်မရာနဲ့ တညီထဲထားပြီး လည်ပင်းကို ရှင်းရှင်းလင်းလင်း မြင်ရအောင်ရိုက်ပါ။

၎။ အခုလို ပုံစံမျိုး ပို့စ်ပေးမယ်ဆိုရင် ဓာတ်ပုံရိုက်တဲ့ Angle ကို သေချာဂရုစိုက်ပေးသင့်ပါတယ်။ မျက်နှာကိုပဲ Focus ပေးပြီး ကျန်တာကို ၀ါးဝါးလေးနဲ့ ရိုက်ပေးမယ်ဆိုရင် ဓာတ်ပုံကိုကြည့်ရတာ ပိုပြီး သက်သောင့်သက်သာဖြစ်မှာပါ။

ကမ်းခြေမှာ ဓာတ်ပုံရိုက်တဲ့အခါ သင့်ကို ရုပ်ဆိုးသွားစေတဲ့ အမှား (၅) မျိုး

၅။ ရေထဲမှာ မျက်နှာလေးကိုပဲဖော်ပြီးရိုက်တဲ့အခါ လည်ပင်းနဲ့ ရေပြင်ကို အရမ်းကတ်ဘဲ ၄ လက်မကနေ ၆ လက်မလောက် ခွာပြီး ရိုက်ပေးသင့်ပါတယ်။