ကိုယ်ချစ်ရသူနဲ့ အတူတူလက်တွဲပြီး နှစ်ယောက်တစ်ဘဝကို ထူထောင်ဖို့အတွက်ဟာ စုံတွဲတိုင်းရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ သီတင်းကျွတ်ရယ်လို့မှ မဟုတ်ဘဲ ဝါမဝင်ခင် အချိန်တွေမှာလည်း တူနှစ်ကိုယ် လက်တွဲပြီး ဘဝထဲခုန်ဝင်ဖို့လည်း စဉ်းစားပြင်ဆင်နေတဲ့ စုံတွဲတွေလည်း အများကြီးရှိနေပါတယ်။

အခုလိုမျိုး ကိုယ်စိတ်ကူးယဥ်ထားရတဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်မှုဘဝတစ်ခု တည်ဆောက်တော့မယ်ဆိုရင် ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။

မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်က မနည်းပါဘူး။ ခန်းမငှားခ ၊ Pre-Wedding ရိုက်ဖို့၊ ဝတ်စုံဖိုး ၊ မင်္ဂလာလက်စွပ်နဲ့ ခန်းဝင်ပစ္စည်းဖိုး စသည်ဖြင့် ဇာချဲ့ရင် ချဲ့သလောက် ကုန်ပါတယ်။

အထူးသဖြင့် အမှတ်တရကျန်ရစ်စေဖို့အတွက် သီးသန့်ရိုက်ကူးယူတဲ့ Pre-Wedding ရိုက်တဲ့အခါ သုံးရင်သုံးနိုင်သလောက် ကုန်ကျစရိတ်တွေ အများကြီးကျနိုင်ပါတယ်။ တချို့ကျတော့လည်း Indoor ပဲ လှလှလေးပြင်ပြီး ရိုက်လိုက်ကြသလို တချို့ကျတော့လည်း ကိုယ်လှတယ်လို့ ထင်တဲ့နေရာကောင်းတွေကို တကူးတက ရှာယူပြီးတော့ကို အပင်ပန်းခံပြီး သွားရိုက်ကြတာတွေလည်း ရှိပါတယ်နော်။

အခုတစ်ခါမှာတော့ Outdoor Pre-Wedding ရိုက်တာကိုမှ ကမ်းခြေကြိုက်နှစ်သက်ကြသူတို့အတွက် ကမ်းခြေကို နောက်ခံထားပြီး Pre-Wedding ရိုက်နိုင်မယ့် အိုင်ဒီယာလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Image Source: Pinterest