ပြည့်ပြည့်ဖူးဖူးနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းပိုင်ရှင်မျိုး အမျိုးသမီးတိုင်း လိုချင်ကြမှာပါ။

ဒါပေမဲ့ လူတိုင်းက နှုတ်ခမ်းထူထူ ဖူးဖူးလေးမဟုတ်ကြပါဘူး။ ဒီအတွက် နှုတ်ခမ်းနီကို ဒီလိုဆိုးလို့ရပါတယ်။ မိတ်ကပ်လိမ်းတယ်၊ နှုတ်ခမ်းနီဆိုးတယ်ဆိုတာ မိန်းကလေးတွေနှစ်သက်တဲ့ အရာတွေပါပဲ။

ဒါ့ကြောင့် ဒီနည်းလမ်းလေးတွေက ပျိုမေတို့အတွက် အပန်းကြီးစေမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်နော်။

နှုတ်ခမ်းကို သန့်ရှင်းရေးလုပ်ပေးပါ။

အိမ်မှာရှိတဲ့ အုန်းဆီ (သို့) မှုတ်ဖုတ်ဆိုဒါတစ်မျိုးမျိုးနဲ့ နှုတ်ခမ်းကို သွားပွတ်တံနဲ့ ပွတ်တိုက်ပေးပါ။ ပြီးမှာ နှုတ်ခမ်းနီ ဆိုးပါ။

နှုတ်ခမ်းဖော်မယ်

နှုတ်ခမ်းထူထူလေး ဖြစ်တယ်လို့ ထင်ရစေဖို့ နှုတ်ခမ်းနားလေးတွေကို ပုံဖော်ပြီးဆိုးပေးလို့ရပါတယ်။

အတွင်းမှာ ဆိုးမယ့်နှုတ်ခမ်းနီထက် နည်းနည်းပိုရင့်တဲ့ နှုတ်ခမ်းနီအရောင်ကို ကိုယ့်နှုတ်ခမ်းပုံအတိုင်း ဖော်ပေးလိုက်ရုံပါပဲ။ အညိုရောင်ဆိုးမယ်ဆိုရငု အညိုရင့်ရင့်ကို နှုတ်ခမ်းနားမှာ ပုံဖော်လိုက်ပါ။  အပေါ်နှုတ်ခမ်းအတွင်းပိုင်းနဲ့ အောက်နှုတ်ခမ်းအတွင်းပိုင်းကိုလည်း အခုလို ဖော်ပါ။  ပြီးရင် အတွင်းမှာ အညိုဖျော့ဖျော့ဆိုးပါ။

နှုတ်ခမ်းနီ အဆီဆိုးမယ်

နှုတ်ခမ်းပါးတဲ့သူအနေနဲ့ နှုတ်ခမ်းကိုထူထူလေးနဲ့ ပြည့်ပြည့်ဖူးဖူးလေး ထင်ရအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုလေးလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

အရင်ဆို အပေါ် နှုတ်ခမ်းအနားသတ်နဲပ အောင်နှုတ်ခမ်းကို ဆိုးပေးပါ။ ပြီးရင် နှုတ်ခမ်းနီ အညိုကိုလည်း ထက်ဆိုးပေးပါ။

ပြီးရင် နှုတ်ခမ်းအဆီ ထပ်ဆိုးပါ။