သွားတိုက်ဆေးဆိုတာမပေါ်ခင်ကတည်းက မီးသွေးခဲနဲ့ သွားတိုက်လာခဲ့ကြတာပါနော်။
ဒီနည်းလမ်းဟာ ရိုးရှင်းပြီး တချို့က အမြင်တမျိုးနဲ့ ကြည့်ချင်ကြည့်လာမှာပါ။ ဒါပေမဲ့ တကယ် အကျိုးသက်ရောက်မှုကပဲ အရေးကြီးတာပါ။
ဒါဟာ တကယ့်ကို သဘာဝအကျဆုံးနဲ့ အသုံးဝင်ဆုံးနည်းလမ်းပါပဲ။ လက်ရှိသုံးနေတဲ့ သွားတိုက်ဆေးတွေက သွားဖြူတယ်ပြောပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်လည်း ထူးမလာပါဘူး။
မီးသွေးခဲနဲ့ သွားတိုက်လိုက်ကြရအောင်။
ပါဝင်ပစ္စည်း
သွားတိုက်တံ
မီးသွေးခဲ (အမှုန့်ဖြစ်အောင် ထောင်းပါ (သို့) ကြိတ်ပေးပါ)
ဘယ်လိုတိုက်မလဲ
သွားတိုက်တံကို ဆေးလိုက်ပါ။ ပြီးရင်မီးသွေးမှုန့်ထည့်ပါ။ ပြီးရင် ပုံမှန်အတိုင်း သွားတိုက်ပေးပါ။
တကယ်ကို အကျိုးထူးတာ တွေ့ရပါလိမ့်မယ်။
သွားပိုးစားတာ ပျောက်ချင်ရင်တော့ ပီကေ ၀ါးပေးပါ။ တစ်နေ့ကို ပီကေ အနည်းဆုံး ၂ ခုလောက်ဝါးပေးသင့်ပါတယ်။
ဈေးကြီးပေးဝယ်ရတဲ့ သွားတိုက်ဆေးတွေကို မေ့လိုက်ပါတော့။ မိမိရဲ့ချစ်သူခင်သူ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းပြောပြလိုက်ဖို့ မမေ့နဲ့နော်။
hangoutlife.com