ခန္ဓာကိုယ်သွယ်လျလှပပြီး ကြွက်သားများကျစ်လျစ်ကာ အဆီပိုတွေ ဖယ်ဖျက်ချင်သူများအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်ပေးကြ၊ Gym သွားဆော့ကြနဲ့ အမျိုးမျိုးကြိုးစားနေကြတာပါ။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း အခြေခံလေ့ကျင့်ခန်းတွေကနေတစ်ဆင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို တိုးပြီးဆော့ရပါတယ်။
လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်ဆော့ပေမယ့်လည်း ပြုလုပ်တဲ့အနေအထားမမှန်တဲ့အခါ အချိန်ကုန် လူပင်ပန်းတာပဲအဖတ်တင်တဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့အရာများ၊ လေ့ကျင့်ခန်းပြုလုပ်တဲ့အနေအထားမှားယွင်းမှုများကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။
Hip Bridge
တင်ပါးကို အပေါ်မြှောက်တဲ့အခါ အရမ်းမြှောက်ရင် ခုံးခုံးကြီးဖြစ်သွားတတ်ပါတယ်။ ပုံစံအမှားကို ရှောင်ကြဉ်ပြီး မျဉ်းစောင်းအဖြောင့်ပုံစံအတိုင်း ဖြစ်နေရပါမယ်။
Alternating Side Lunges
Squat ထိုင်ထားပြီး ခန္ဓာကိုယ်ကို ဘေးဘက်သို့ရွေ့ရတဲ့လေ့ကျင့်ခန်းလေးပါ။ ပုံအမှန်ထဲကလို ခါးကိုကော့ထားပေးပြီး ဒူးခေါင်းကလည်း ၉၀ ဒီဂရီ ထောင့်မတ်ကျနေရပါမယ်။
Plank ထောက်ခြင်း
ပုံအမှားတွေထဲကလို ခန္ဓာကိုယ်က အောက်ကျပြီးကော့နေတာမျိုး၊ အပေါ်အရမ်းမြှောက်ထားလို့ ခုံးနေတာမျိုး မဖြစ်ရပါဘူး။ တင်ပါးနဲ့ ကျောပြင်က ရေပြင်ညီမျဉ်းအတိုင်းဖြစ်နေရပါမယ်။
အလေးမပြီး Squat ထိုင်တဲ့အခါ
အလေးမသည်ဖြစ်စေ၊ အလွတ် Squat ထိုင်သည်ဖြစ်စေ သတိထားရမှာကတော့ ခါးကုန်းမထားဘဲ ခါးကော့ထားရပါမယ်။ ပြီးရင် ပေါင်ကလည်း ကြမ်းပြင်နဲ့ ရေပြင်ညီမျဉ်းအတိုင်းဖြစ်နေရပါမယ်။ အလေးတန်းကိုင်ထားမယ်ဆိုရင်တော့ အလေးတန်းက ခြေထောက်ထိပ်ပိုင်းနဲ့ တစ်ပြေးညီဖြစ်နေလို့ မရပါဘူး။
အလေးတန်းကိုင်တဲ့ လက်အနေအထား
တင်းတင်းကျစ်ကျစ်ကြီး ဆုပ်ကိုင်ထားစရာမလိုပါဘူး။
အလေးတုံးကိုင်ပြီး Squat ထိုင်တဲ့အခါ
ပုခုံးမကိုင်းဘဲ ရင်ဘတ်ကော့ထားပြီး ပေါင်က ကြမ်းပြင်နဲ့ မျဉ်းပြိုင်သဏ္ဍာန်ဖြစ်နေရပါမယ်။
Deadlift
အလေးမတဲ့အခါ ခြေထောက်နဲ့ လက်တွေက စောင်းမနေဘဲ ထောင့်မတ်ကျနေရပါမယ်။ ပုံစံမှားယွင်းနေမယ်ဆိုရင်တော့ အရိုးအဆစ်တွေကို ထိခိုက်နိုင်ပါတယ်။
ခုံတန်းပေါ်သို့ အတက်အဆင်းပြုလုပ်တဲ့လေ့ကျင့်ခန်း
ခုံတန်းပေါ်မှာ လှဲလျောင်းပြီး အလေ့မရတဲ့ လေ့ကျင့်ခန်း
အလေးတုံးမပြီး ခြေထောက်ကို အရှေ့အနောက် ပြောင်းရတဲ့လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ
ခြေထောက်တစ်ချောင်းခုံပေါ်တင်ပြီး ခြေထောက်တစ်ချောင်းထောက်ထားတဲ့ Squat ထိုင်မယ်ဆိုရင် သတိထားရမယ့်အရာ
အလေးတုံး တစ်ခုမပြီး လက်တစ်ဖက် ထောက်ထားတဲ့ လေ့ကျင့်ခန်းကတော့ ရင်သားများကို ကျစ်လျစ်စေပါတယ်။
အလေးတုံးကို ခေါင်းအနောက်မှာထားပြီး အပေါ်သို့ ဆွဲတင်ရတဲ့ Triceps လေ့ကျင့်ခန်း
ခြေသလုံးကြွက်သားကျစ်လျစ်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ
ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ကိုင်းချပြီး အပေါ်ပြန်ကြွတဲ့အခါ တင်ပါးနဲ့ မျဉ်းစောင်းပုံသဏ္ဍာန်ဖြစ်နေရပါမယ်။
Source: Brightside.me