အားလုံးပဲမင်္ဂလာပါ။ တစ်နေကုန် အပြင်သွားပြီးပြန်လာတဲ့အခါ မိတ်ကပ်တွေကို သေချာဖျက်ဖို့လိုပါတယ်။ မိတ်ကပ်တော့ဖျက်ပါရဲ့ နည်းမှန်လမ်းမှန် မဖျက်ပေးဘူးဆိုရင်တော့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း မိတ်ကပ်မပြောင်ဘဲ အိပ်ယာဝင်မယ်ဆိုရင်တော့ အသားအရေကို ထိခိုက်ပျက်စီးစေပြီး ဝက်ခြံတွေ တသီကြီးထွက်လာမှာပါနော်။

ဒါ့ကြောင့် မိတ်ကပ်ဖျက်တဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ဖျက်နိုင်ဖို့အတွက် ပျိုမေတို့ ပြုလုပ်တတ်တဲ့ အမှား (၆) ခုကို မျှဝေပေးချင်ပါတယ်။

၁။ ခပ်ကြမ်းကြမ်းဖျက်ခြင်း

မိတ်ကပ်ဖျက်တဲ့အခါ မိတ်ကပ်မပြောင်မှာစိုးလို့ အရမ်းကြီး ခပ်ကြမ်းကြမ်း ဖျက်စရာမလိုပါဘူး။ အဲဒီလို ခပ်ကြမ်းကြမ်းဖျက်မယ်ဆိုရင် အသားအရေ နီလာပြီး ယားယံလာနိုင်ပါတယ်။ အထူးသဖြင့် Sensitive ဖြစ်တဲ့ အသားအရေမျိုးဆို ပိုလို့ရှောင်သင့်ပါတယ်။ အနေတော်လောက်ပဲ အားယူပြီးဖျက်ပေးပါ။

၂။ ကျန်တဲ့နေရာဖျက်ပြီးမှ မျက်လုံးကို ဖျက်ခြင်း

သင့်ပါးပြင်ပေါ်က တခြားနေရာတွေကို ဖျက်ပြီးမှ မျက်လုံးမိတ်ကပ်ကိုဖျက်တာမျိုးရှောင်ပါ။ မျက်လုံးဆိုတာ နူးညံ့ပြီး ဘက်တီးရီးယားတွေ ကူးလွယ်ပါတယ်။ ဒါ့ကြောင့် မျက်လုံးကို အရင်စဖျက်ပါ။

၃။ မိတ်ကပ်ဖျက်တဲ့ တစ်ရှုးကိုလေသလပ်ထားခြင်း

ဒီလို လေသလပ်ထားရင် ခြောက်သွေ့ပြီး ဘာမှအသုံးဝင်တော့မှာမဟုတ်ပါဘူးနော်။ သေချာလေး စနစ်တကျ ပိတ်ထားပါ။

၄။ မိတ်ကပ် Removal နဲ့ ဖျက်ပြီးရင် မျက်နှာသစ်ဖိုမလိုဘူးလို့ တွေးခြင်း

အဲဒီလိုမျိုးမလုပ်သင့်ပါဘူး။ မိတ်ကပ်ဖျက်ပြီးရင်လည်း မျက်နှာသစ်ပေးရပါမယ်။

၅။ မိတ်ကပ် Removal ကို မျက်လုံးနားမှာပဲပွတ်နေခြင်း

မျက်လုံးနားမှာ ရေစိုခံတဲ့ Eyeliner တွေ၊ Mascara တွေဆိုးထားလို့ အဲဒီနားကိုပဲပွတ်နေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။

၆။ လည်ပင်းနဲ့ မေးရိုးနားကို မဖျက်ခြင်း

မိတ်ကပ်ဖျက်တဲ့အခါ အဓိက မျက်နှာကိုပဲဖျက်လေ့ရှိကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ လည်ပင်းနဲ့ မေးရိုးနားတစ်လျှောက်လုံးကိုပါ ဖျက်ပေးပါ။

Source: www.dailyvanity.com

By: MyStyle Myanmar