မိမိကိုယ်ကိုယုံကြည်မှုဟာ တစ်ခါတရံမှာယုံကြည်မှုမြင့်နေမယ်၊ တစ်ခါတစ်ရံယုံကြည်မှုနည်းနေမယ်၊ တစ်ခါတစ်ရံကျတော့ အလယ်အလတ်မှာပဲဖြစ်နေနိုင်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုနည်းနေခြင်းက သင့်ကိုယ်သင်မလုံမခြုံခံစားရအောင် ပြုလုပ်လေ့ရှိပါတယ်။

အဲ့ဒီလိုမခံစားရအောင် မိမိကိုယ်ကိုယုံကြည်မှုဘယ်လိုတည်ဆောက်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

၁။ မိမိကိုယ်ကိုကောင်းကောင်းဆက်ဆံပါ။

Photo Source: orionsmethod.com

ငါ ဒီအရာကို အကောင်းဆုံးလုပ်နိုင်တယ်လို့ မိမိကိုယ်ကိုပြောခြင်းက သင်ထင်ထားတာထက်ကို စွမ်းအားရှိပါတယ်။ အကယ်၍အမှားတစ်စုံတစ်ရာပြုလုပ်မိတယ်ဆိုရင်တောင် မကောင်းတဲ့အတွေးတွေကို စိန်ခေါ်ပြီးကျော်လွှားနိုင်ဖို့ ကြိုးစားပါ။ မိမိကိုယ်ကိုအကောင်းဆုံးဆက်ဆံပေးဖို့ မမေ့ပါနဲ့။ အစပိုင်းမှာတော့ အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် Practice Makes Perfect ဆိုတာကို သတိရပေးပါ။

၂။ သင်ဟာသင်ပါပဲ။

Photo Source: Inc.co

မိမိကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းက အသုံးမကျတဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။ အခြားသူနဲ့နှိုင်းယှဉ်လိုက်လို့ ရလာတဲ့ဖိအားတွေအစား မိမိရဲ့ပန်းတိုင်ကိုပဲ အာရုံစိုက်ထားလိုက်ရအောင်လား။

၃။ လှုပ်လှုပ်ရှားရှားနေခြင်း။

Photo Source: integrativeosteopathy.com.au

လေ့ကျင့်ခန်းပြုလုပ်ခြင်းက Motivation တက်လာအောင်၊ မှန်ကန်တဲ့ပန်းတိုင်တွေ ချမှတ်နိုင်အောင်နဲ့ မိမိကိုယ်ကိုယုံကြည်ချက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ချွေးထွက်ခြင်းကြောင့် ခန္ခာကိုယ်မှာရှိတဲ့ ခံစားချက်ကောင်းမွန်စေတဲ့ဟော်မုန်းတွေကိုထုတ်လွှတ်ပေးပါတယ်။

၎။ ဘယ်သူကမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။

သင့်ရဲ့အကောင်းဆုံး Version ရအောင် အမြဲတစေကြိုးစားပါ။ ဒါပေမဲ့ အမြဲတမ်းပြီးပြည့်စုံခြင်းဆိုတာ မဖြစ်နိုင်တာကိုလက်ခံပေးနိုင်ရပါမယ်။

Photo Source: Depositphotos

၅။ လူတိုင်းကအမှားပြုလုပ်တယ်ဆိုတာကို သတိရပါ။

Source: Fortune

အသစ်အသစ်သောအရာတွေကို သင်ယူနေတုန်းမှာ သင်ဟာအမှားပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့်မို့ အရမ်းအရေးကြီးတဲ့ Assignment ရေးပြီးလို့ CTRL + S နှိပ်ဖို့မေ့သွားတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုအရမ်းကြီးအပြစ်မတင်လိုက်ပါနဲ့။

၆။ သင်ပြောင်းလဲနိုင်တဲ့အရာတွေအပေါ်အာရုံစိုက်ပါ။

Source: Invest Plus

သင့်ရဲ့စွမ်းအင်တွေကို သင်ထိန်းချုပ်နိုင်တဲ့အရာတွေနဲ့ အဲ့ဒီ့အရာတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်ထားပါ။ ပရမ်းပတာဖြစ်နေတဲ့ကိစ္စတွေကို သင်ထိန်းချုပ်နိုင်တာမှန်ပေမယ့် ရလဒ်ကောင်းတွေတော့ ရမှာမဟုတ်ပါဘူး။

၇။ သင်ပျော်တဲ့အရာတွေကိုပဲလုပ်ပါ။

Source: College Candy

သင်ပျော်တဲ့အရာတွေပြုလုပ်ခြင်းဖြင့်အချိန်ကုန်ဆုံးခြင်းက သင့်ကိုအကောင်းမြင်သူတစ်ယောက်ဖြစ်အောင်ပြုလုပ်ပေးဖို့ အလားအလာရှိပါတယ်။ စာဖတ်ခြင်း၊ ချက်ပြုတ်ခြင်း ဒါမှမဟုတ်ဆိုဖာပေါ်မှာ တစ်ရေးတစ်မောအိပ်ခြင်းက သင့်ကိုပျော်ရွှင်စေတယ်ဆိုရင် အဲ့ဒီ့အတွက်လည်းအချိန်ပေးပါ။

၈။ ကိစ္ခအသေးအမွှားလေးတွေအတွက်လည်း မိမိကိုယ်ကို ချီးမွမ်းပါ။

Source: Reader’s Digest

ဒီနေ့မနက်သင်အိပ်ရာစောစောထနိုင်တာလား၊ ဂုဏ်ယူလိုက်ပါ။ ကြက်ဥ Half-fried ကို ကောင်းကောင်းကြော်နိုင်တာမျိုးလား၊ အောင်ပွဲခံလိုက်ပါ။ အသေးအမွှားလေးတွေမှာ မိမိကိုယ်ကိုချီးမွမ်းလိုက်ခြင်းက မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးဖြစ်ပါတယ်။

၉။ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပါစေ။

Source: torteenblog.com

အခြားသူတွေအပေါ်ကူညီခြင်း၊ သနားညှာတာခြင်းက သူတို့ရဲ့စိတ်ခံစားမှုကိုမြှင့်တင်ပေးနိုင် သည်သာမကပဲ ကိုယ့်ကိုယ်ကိုလည်း ကောင်းမွန်တဲ့ခံစားချက်တွေရှိလာအောင် ဖန်တီးပေးပါတယ်။

၁၀။ သင့်ရဲ့ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ဝန်းရံထားပါ။

Source: Jacob Andreae Performance Strategies

ခံစားချက်ကောင်းတွေခံစားရအောင် ပြုလုပ်ပေးနိုင်တဲ့သူတွေကိုပဲ ရှာဖွေပြီးတော့ သင့်စိတ်ထဲမှာ မကောင်းမြင်ဝါဒီတွေပေါ်လာအောင် အမြဲတစေပြုလုပ်သူမျိုးကို ရှောင်ကြဉ်ပါ။