Valentine’s Day လည်းနီးလာပြီဆိုတော့ Horoscope ရာသီခွင်အလိုက် ဘယ်လိုဖြတ်သန်းကြရမလဲဆိုတာကို ပြောပြချင်ပါတယ်။ ရည်းစားရှိတဲ့သူ Relationship နဲ့သူတွေကတော့ ဒီလိုနေ့မျိုးကို ရင်ခုန်နေမှာပါ။ မိန်းကလေးတိုင်းကတော့ Valentine’s Day မှာ Surprise ရဖို့မျှော်လင့်မှာပဲလေ နောက်ပြီးချစ်သူကို ဘာပြန်ပေးရင်ကောင်းမလဲဆိုတာလည်း ပြင်ဆင်တတ်ကြပါတယ်။ Single သမားတွေလည်း စိတ်ဓာတ်မကျပါနဲ့ Crush က တိတ်တခိုးလက်ဆောင်ပေးနိုင်ပါတယ်။ ဘာတွေဘယ်လိုဖြစ်နိုင်တယ်ဆိုတာတော့ အတိအကျကြီးမဟုတ်ပေမယ့် ရာသီခွင်အလိုက်တော့ Zodiac Sign ပေါ်မူတည်ပြီး လာမည့် Valentine’s Day အတွက် ဟောကိန်းလေးတွေကို အပျော်သဘောဖတ်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။
AQUARIUS
Valentine’s Day ရှိတဲ့ ဖေဖော်ဝါရီလ အတွင်း အချစ်ရေးနဲ့ပတ်သက်ပြီး ပြောင်းလဲမှု အကြီးကြီးဖြစ်ပါလိမ့်မယ်။ ကောင်းသော ပြောင်းလဲမှုပါ Romantic ဖြစ်တဲ့ အချစ်မျိုးဖြစ်မှာမို့ ရင်ခုန်စွာစောင့်မျှော်လိုက်ပါ။
PISCES
Pisces ရာသီခွင်တွေအတွက်လည်း ကံကောင်းဖွယ်ရှိပါတယ်။ ရည်စားရှိပြီးသားသူကတော့ ပြောစရာမရှိပေမယ့် ဒီရာသီခွင်မှာ မွေးတဲ့ Single တွေအတွက်ကတော့ ဒီ Valentine မတိုင်ခင် အချစ်ရေးမှာ လာဘ်ပွင့်မှာပဲဖြစ်ပါတယ်။
ARIES
Aries တွေအတွက်တော့ အချစ်ရေးက Valentine မရောက်ခင်ကံဆိုးနိုင်ချေရှိပါတယ်။ သို့ပေမယ့် ယုံကြည်ချက်ရှိရင်တော့ အထီးမကျန်နိုင်ပါဘူး။ အဆိုးဆုံးအခြေအနေမှာလည်း တစ်ယောက်တည်း ပျော်ရွင်စွာဖြတ်သန်းနိုင်မှာပါ။
TAURUS
အရင်လတွေထက်စာရင် သင့်အတွက် အချစ်ရေးမှာ ကံကောင်းနိုင်ဖွယ်အခွင့်အရေးတွေရှိပါတယ်။ သို့ပေမယ့် အဲ့ဒီ့အခွင့်အရေးတွေဟာ သင့်အပေါ်မှာလည်း မူတည်ပါတယ်။ သင့်ဆုံဖြတ်ချက်ပေါ် မူတည်ပြီး Valentine’s Day ရဲ့အနှစ်သာရက သင့်အတွက် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။
GEMINI
အရင်နှစ်တွေက Valentine’ Day ကိုတစ်ခါမှ မဆင်နွှဲဘူးရင်တောင် ဒီနှစ်ကတော့ သင့်အတွက်ပါ။ သင့်ရဲ့ အချစ်ရေးဘယ်လို အခြေအနေပဲရှိရှိ Gemini ရာသီခွင်တွေအတွက် ဒီ Valentine ဟာ အကောင်းဆုံးဖြစ်မှာပါ။
CANCER
ဒီ Valentine ဟာသင့်အတွက် Surprise ကြီးကြီးမားမား အတိုက်မခံရရင်တောင် အမှတ်ရဖြစ်တဲ့ အနုပညာဆန်ဆန် Creative ဖြစ်တဲ့ ချစ်သူကကိုယ်တိုင်လုပ်ပေးမယ့် လက်ဆောင်မျိုးကို Relationship ရှိတဲ့သူဆိုပိုင်ဆိုင်ရမှာပါ။ ဒီနှစ်က Single တွေအတွက်တော့ ကံခေမယ့်နှစ်မျိုးပေါ့။
LEO
Leo ရာသီခွင်တွေတွက်ကတော့ သေချာဆုံးတစ်ခုက Romantic Love မဟုတ်ဘဲ Self-Love နဲ့ ဖြတ်သန်းရမှာပါ။ သို့ပေမယ့် Leo ရာသီခွင်မှာမွေးဖွားသူတွေဟာ ခံစားချက်ကိုရင့်ကျက်စွာ ကိုင်တွယ်နိုင်တဲ့ သဘာဝရှိလို့ Valentine’s Day လည်း အထီးမကျန်ပဲ ပျော်ရမှာပါ။
Source: AllWomenStalk