အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလည်းပါသလို လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေလည်းပါမှာပဲနော်။ လူတိုင်းလူတိုင်းက Presentation နဲ့ ကင်းလွတ်တဲ့ သူဆိုတာမရှိပါဘူး။ ကျောင်းတုန်းကလည်း Presentation တွေ မရိုးအောင်လုပ်နေရသလို၊ ကျောင်းပြီးလို့ လူအများရှေ့စကားထွက်ပြောရတဲ့ဝဋ်ကျွတ်သွားပြီ အောက်မေ့ခါမှ လုပ်ငန်းခွင်ထဲဝင်တော့လည်း Presentation လုပ်နေရတုန်းပဲမလား။

အခုပြောပြပေးချင်တာကတော့ လူအများရှေ့စကားထွက်ပြောရမဲ့အစား ကျားမြီးသာပြေးဆွဲလိုက်ချင်တယ်လို့ ဆိုသူတွေအတွက် ဒီအချက် (၁၀) ချက်ကို လိုက်နာပေးပြီး မိမိကြောက်စိတ်ကိုဖယ်ထုတ်ကာ ယုံကြည်ချက်တွေကို တည်ဆောက်လိုက်ကြပါစို့။

၁။ စိတ်လှုပ်ရှားဖို့ မျှော်လင့်ထားပါ။

Photo Source: aristo.ie

စိတ်လှုပ်ရှားလို့ အမှားမှားအယွင်းယွင်းတွေဖြစ်နေပါတယ်ဆိုမှ စိတ်လှုပ်ရှားဖို့ မျှော်လင့်ထားပါဆိုတော့ ဘယ်လိုကြီးလဲပေါ့။ သာမန်လူမပြောနဲ့ ဝါရင့်သဘာရင့် ဟောပြောသူတွေတောင် စိတ်လှုပ်ရှားတတ်ကြပါတယ်။ ဒါ့ကြောင့်မို့ သင်လည်းစိတ်လှုပ်ရှားတတ်တာကို မစိုးရိမ်ပါနဲ့၊ ကြောက်စိတ်တွေကို အတင်းဖယ်ရှားဖို့ မကြိုးစားဘဲနဲ့ ကြောက်စိတ်တွေကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲလိုက်ပါ။ ဒါမှလည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို စွမ်းအင်အပြည့်နဲ့ ယုံယုံကြည်ကြည်ပြောနိုင်မှာပါ။

၂။ ပြင်ဆင်မှုရှိပါ။

Photo Source: www.videoblocks.com

ကိုယ်ဘာအကြောင်းအရာကို ပြောချင်တာလဲ၊ ဘာ့ကြောင့်ပြောချင်တာလဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ပြီးရင် ပြောမဲ့အကြောင်းအရာတွေကို သေချာပြင်ဆင်ထားပါ။

၃။ လေ့ကျင့်မှုရှိပါ။

Photo Source: www.videoblocks.com

ပွဲမဝင်ခင် ပြင်က ကျင်းပဆိုသလိုပဲ လူအများရှေ့ထွက်မပြောခင် မိမိအိမ်မှာ အရင်လေ့ကျင့်ပါ။ မှန်ရှေ့မှာ ဟန်ပန်အပြည့်နဲ့ လေ့ကျင့်ကြည့်ပါ။ သင့်အတန်းဖော်တွေရှေ့က စင်မြင့်ပေါ်မှာ ရောက်နေသလိုသဘောထားကြည့်ပါ။ စိတ်ကျေနပ်မှုရှိတဲ့အထိ လေ့ကျင့်ပါ။ အခေါက်ရေများများ လေ့ကျင့်ပြီးသွားပြီဆို ကိုယ်ပြောမဲ့ အကြောင်းအရာတွေနဲ့ အကျွမ်းတဝင် ရှိလာပြီူတော့ တကယ့် Presentation လုပ်တဲ့အခါမှာလည်း သက်သောင့်သက်သာနဲ့ ယုံကြည်မှုရှိရှိ တင်ပြနိုင်မှာပါ။

၎။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

Photo Source: www.drweil.com

သင့်ရဲ့ Presentation မစခင် စက္ကန့်သုံးဆယ်အလိုမှာ အသက်ကို ဖြည်းဖြည်းလေးနဲ့ ပြင်းပြင်းလေး ရှူသွင်းရှူထုတ် သုံးကြိမ်လုပ်လိုက်ပါ။ အသက်ရှူထုတ်လိုက်တဲ့ အခါမှာလည်း စိတ်လျော့ထား ဆိုပြီး တိုးတိုးလေးရေရွတ်လိုက်ပါ။

၅။ သင့်ရဲ့ ပရိသတ်ကို ဂရုစိုက်ပါ။

Photo Source: www.wnpr.org

စင်ကြောက်တတ်ခြင်းရဲ့ အဓိကဇစ်မြစ်က မိမိကိုယ်ကိုအာရုံစိုက်နေလို့ဖြစ်ရတာပါ။ ငါဝတ်စားထားတာ ဘယ်လိုနေလဲမသိဘူး၊ ငါပြောတာတွေကရော အဓိပ္ပါယ်ရှိရဲ့လားမသိဘူး စသည်ဖြင့် မိမိကိုယ်ကိုအာရုံစိုက်နေတာကို ဖျောက်လိုက်ပါ။ အဲဒီအစား မိမိရဲ့ ပရိသတ်ကိုပဲ အာရုံစိုက်ပါ။ သူတို့ စိတ်ဝင်တစားနားထောင်နေရဲ့လား၊ ကိုယ်ပြောနေတာကိုရော နားလည်ရဲ့လား၊ ကိုယ်ပြောတာကိုရော ကြားရရဲ့လားလို့ ဂရုတစိုက်လိုက်ကြည့်ပါ။

၆။ ရိုးရှင်းမှုရှိပါစေ။

Photo Source: www.anotheramericanlife.com

ကိုယ့် Presentation ကို အကောင်းဆုံး ဖြစ်စေချင်တဲ့အခါ တစ်ခါတစ်ရံမှာ ကိုယ်ပြင်ဆင်ထားတာတွေက အရမ်းများပြီး ရှုပ်ထွေးသွားတတ်ပါတယ်။ ကိုယ်ပြောချင်တဲ့အချက်အလက်တွေ ကျန်နေခဲ့မှာလည်း စိုးရိမ်တတ်ပါသေးတယ်။ ပြီးတော့ တစ်လုံးချင်းစီကိုလည်း အလွတ်မကျက်သင့်ပါဘူး။ မတော်လို့ စင်ပေါ်မှာ တစ်ခုခုမေ့သွားရင် အကုန်မေ့သွားတာမျိုးဖြစ်နိုင်လို့ပါ။ ဒါကြောင့်မို့ KISS အနမ်း စည်းမျဉ်းလေးကို မှတ်သားထားပါ။ ဆိုလိုတာကတော့ လိုရင်းတိုရှင်း ( Keep It Short and Simple ) က အကောင်းဆုံးပါပဲ။

၇။ မိမိကိုယ်ကို ပုံဖော်ကြည့်ပါ။

Photo Source: www.dprince4christblog.com

ဒီနည်းလမ်းကိုတော့ Presentation မလုပ်ခင် ရက်ပိုင်းအလိုမှာ လုပ်ရမှာပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ထိုင်လိုက်ပါ၊ ဒါမှမဟုတ် လှဲအိပ်လိုက်ပါ။ အသက်ကို ဖြည်းဖြည်းလေးရှူသွင်းရှူထုတ်လုပ်ပြီး မျက်လုံးပါမှိတ်ထားပါ။ ပြီးရင် လူအများရှေ့မှာ ကိုယ်က ယုံကြည်ချက်ရှိရှိနဲ့ စကားပြောတင်ဆက်နေတဲ့ ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ ဒီနည်းလမ်းလေးက သင့်မှာ ယုံကြည်ချက်တွေရှိလာအောင် ကူညီပေးပါလိမ့်မယ်။

၈။ သင့်ရဲ့ ပရိသတ်နဲ့ အချိတ်အဆက်ရှိပါ။

Photo Source: www.getwelltoday.net

နံရံတွေ မျက်နှာကျက်တွေကိုပဲ မကြည့်ပါနဲ့၊ သင့်သူငယ်ချင်းတွေ၊ သင်တင်ပြတာကို နားထောင်နေတဲ့ သင့်ပရိသတ်တွေကို လိုက်ကြည့်ပါ။ သူတို့နဲ့ မျက်လုံးချင်းစကားပြောပါ။ သင့် Presentation မစခင်မှာ သူတို့နဲ့ ရင်းနှီးအောင် လုပ်ခြင်းကလည်း သင့်ကြောက်စိတ်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

၉။ ယုံကြည်ချက်ရှိရှိနေပါ။

Photo Source: www.estherbydesign.org

လူတွေက သင်ဘယ်လောက်ထိစိတ်လှုပ်ရှားနေလည်းဆိုတာ မြင်မှာမဟုတ်ပါဘူး။ သင့်လက် ချွေးစေးတွေ ထွက်နေလား၊ နှလုံးခုန်မြန်နေလား၊ ဒူးတုန်နေလားဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဘယ်သူ့ကိုမှလည်း ပြောပြစရာမလိုပါဘူး။ ပြုံးပြုံးလေးပဲနေပါ။ ပြီးရင် ယုံကြည်ချက်မရှိဘူးဆိုရင်တောင်မှ ယုံကြည်ချက်ရှိသယောင်ဆောင်လိုက်ပါ။

အားလုံးပဲ ကိုယ့် Presentation ကို ယုံကြည်ချက်ရှိရှိနဲ့ အကောင်းဆုံးတင်ဆက်နိုင်ကြပါစေ။

Source: wittcom.com