အားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့ လူမှုပတ်ဝန်းကျင်က ပေါင်းသင်းဝင်ဆံ့ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ Extrovert လေးတွေကို ပိုအလေးပေးတယ်ဆိုတာတော့ ပြောမစရာမလိုဘူးနဲ့တူတယ်နော်။ ဒါပေမဲ့လည်း Introvert လေးတွေမှာလည်း ကောင်းကွက်လေးတွေ ရှိတယ်ဆိုတာလည်း မေ့ထားလို့မရဘုးနော်။

အခုစာဖတ်သူတွေထဲမှာရော ကိုယ်တိုင်က တစ်ယောက်တည်းဘာသိဘာသာနေတတ်တဲ့ Introvert လေးတွေပါလား။ Introvert သူငယ်ချင်းတွေရော ဘယ်နှယောက်လောက် ရှိလဲ။ အခုဖော်ပြမဲ့အချက် (၄) ချက်ကို ဖတ်ပြီးရင် Introvert လေးတွေကို ဘာကြောင့် အသိအမှတ်ပြုပြီး အလေးထားဆက်ဆံသင့်လဲဆိုတာ သိလာလိမ့်မယ်နော်။

၁။ Introvert တွေမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေရှိတယ်။

Photo Source: dreampath.ca

Introvert လေးတွေက စကားသိပ်မပြောလို့ဆိုပြီး သူတို့မှာ ပြောစရာစကားမရှိလို့ မပြောတာလို့ ထင်ရင် အမှားကြီးမှားလိမ့်မယ်နော်။ သူတို့ရဲ့ တခြားသူငယ်ချင်းတွေ မနားတမ်းစကားပြောတဲ့အချိန်မှာ Introvert လေးတွေက သေချာစမ်းစစ်သုံးသပ်နေကြတာပါ။ တခါတရံမှာ သူတို့လေးတွေက လူတွေရဲ့ စိတ်ကိုတောင်ဖတ်တတ်ကြပါတယ်။ သူတို့ရဲ့ အတွေးထဲမှာ အကြံကောင်းဥာဏ်ကောင်းတွေနဲ့ ပြည့်နေပြီးတော့ သူတို့ထုတ်ပြောလို့ရမဲ့ အချိန်ကောင်းကို စောင့်နေကြတာပါ။

၂။ Introvert လေးတွေက နားထောင်သူကောင်းတွေပါ။

Photo Source: gavinortlund.com

Extrovert တွေက မရပ်တမ်းစကားပြောနိုင်သူလေးတွေပါ။ သူတို့ပြောတာကို နားထောင်ပေးဖို့ Introvert လေးတွေ လိုကိုလိုအပ်ပါတယ်။ ဒါမှလည်း နားလည်မှုရှိပြီး အပေးအယူမျှတဲ့ပေါင်းသင်းဆက်ဆံရေးကို ဖန်တီးနိုင်မှာမို့လို့ပါ။

၃။ Introvert လေးတွေက အမှီအခိုကင်းမဲ့သူတွေပါ။

Photo Source: thoughtcatalog.com

ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ဆိုရင် Introvert လေးတွေက ဘယ်သူ့အကူအညီမှ မလိုဘဲ သူတို့တစ်ယောက်တည်းနေပြီး အားပြန်ဖြည့်ကြပါတယ်။ အခုလို ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့အမျှ Introvert လေးတွေက သူများကိုဂရုမစိုက်ခင် ကိုယ့်ကိုယ်ကို အရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သင်ပေးပါလိမ့်မယ်။

၎။ သူငယ်ချင်းကောင်းလေးတွေပါ။

Photo Source: inc-asean.com

Introvert လေးတွေနဲ့ အပြင်လျှောက်လည်ရင်တော့ သိပ်ပျော်စရာမကောင်းပေမဲ့လို့ စောစောကပြောထားသလိုဆိုရင်တော့ သူတို့လေးတွေက စိတ်ရှည်လက်ရှည်နဲ့နားထောင်ပေးသူတွေဖြစ်တယ်။ ဒါ့ကြောင့်သူငယ်ချင်းကောင်းမဖြစ်မှာ မပူပါနဲ့တော့။ သင်စိတ်ညစ်ရတဲ့အချိန်တိုင်း သင့်အခက်အခဲပြဿနာတွေကို သေချာနားထောင်ပေးမှာပါ။ ပြီးရင် သေချာတွေးတောပေးမယ်၊ လိုအပ်တဲ့အကြံဥာဏ်ကောင်းတွေလည်း ပေးနိုင်ပါသေးတယ်။

အခုဆိုရင် Introvert သူငယ်ချင်းတွေရှိခြင်းရဲ့ အဓိကကောင်းကျိုးလေးချက်ကို သိပြီဆိုတော့ သူတို့ကိုစကားနည်းလို့ဆိုပြီး အပြစ်မပြောကြပါနဲ့နော်။ Introvert လေးတွေလည်း မိမိအားသားချက်တွေကို သိပြီဆိုရင် ကြက်တူရွေးတွေလိုစကားမများတတ်လို့ စိတ်မညစ်ကြနဲ့နော်။

Source: www.huffingtonpost.com