ရုပ်မလှရင်တောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူ၊ စမတ်ကျအောင်နေတတ်တဲ့သူက သူများထက်ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ရုပ်လှပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ကျနေရင်လည်း ကြည့်ရတာအဆင်မပြေဖြစ်နေတတ်ပါတယ်။ အကောင်းစား Branded တွေဝတ်မှ စတိုင်လ်ရှိပြီး စမတ်ကျနေတာမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကိုယ့်မှာရှိတာလေးတွေနဲ့ စတိုင်လ်ကျအောင်ဝတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ဖြစ်နေရင်ပဲ သူများထက်ပိုစမတ်ကျပြီး ဆွဲဆောင်မှုရှိနေပါပြီ။

Source: www.pinterest.com

အဝတ်အစားရွေးချယ်ဝတ်ဆင်တဲ့အခါမှာ သူများဝတ်တာတွေကို လိုက်မဝတ်ပါနဲ့။ တခြားသူနဲ့လှနေပေမယ့် ကိုယ်နဲ့ကလိုက်ချင်မှလိုက်တာပါ။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ရွေးချယ်ပြီး ဖက်ရှင်ကျအောင် ဝတ်စားတတ်ရပါမယ်။ ဝတ်နေကျအဝတ်အစားတွေ ခဏခဏဝတ်လို့ ရိုးသွားတဲ့အခါမျိုးမှာတော့ ချောင်မထိုးထားပါနဲ့။ Youtube က ဗီဒီယိုလေးတွေကိုကြည့်ပြီး လိုက်လုပ်ကြည့်ပါ။ ဒါဆိုရင်တော့ ပိုက်ဆံထပ်မကုန်ဘဲ အဝတ်အစားအသစ်ရလိုက်သလိုပါပဲ။

Source: www.pinterest.com

အဝတ်အစားဝယ်တဲ့အခါမှာလည်း ကိုယ့်အတွက်မလိုအပ်တဲ့အဝတ်အစားတွေနဲ့ ကိုယ်ဝတ်နေကျမဟုတ်တာမျိုးတွေကို မဝယ်ပါနဲ့။ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ်ဝတ်နေကျဖြစ်တဲ့ပုံလေးတွေကို လှတာထက်ပိုလှသွားအောင် ဝယ်ဝတ်ပါ။ အသစ်တွေပေါ်လာတဲ့အခါမှာ ပေါ်ပြူလာဖြစ်နေပေမယ့်လည်း ကိုယ်နဲ့မလိုက်ရင် ဝယ်ပြီးအလကားဖြစ်မှာပါ။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တာလေးတွေကိုဝတ်ပြီး ယုံကြည်မှုရှိရှိနဲ့နေရင် စမတ်ကျပြီးလှနေမှာပါ။

Source: www.pinterest.com

အဓိကကတော့ ဘယ်လိုဖက်ရှင်မျိုးပဲဝတ်ဝတ်၊ ဘယ်လိုအဝတ်အစားတွေပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ပဲလိုတာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူစာ ကြည့်လိုက်တာနဲ့တင် ဆွဲဆောင်မှုရှိပြီး စမတ်ကျနေပါတယ်။  ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ ကြည့်လိုက်တာနဲ့တင် အရမ်းသိသာပါတယ်။ ဒီအရောင်က ကိုယ့်အသားအရေနဲ့လိုက်ပါ့မလားလို့တွေးနေတဲ့စိတ်တွေကို ဖျောက်ပစ်ပါ။ ဒီစိတ်တွေရှိနေသရွေ့တော့ စမတ်ကျတဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့သာ ကိုယ်ကြိုက်တဲ့အရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

Source: www.pinterest.com

နောက်ထပ်အရေးအကြီးဆုံးအရာကတော့ ကိုယ့်ဆီကနေ အနံ့ဆိုးတွေမထွက်နေဖို့ပါပဲ။ ဖက်ရှင်ကျကျဝတ်စားနေပေမယ့်လည်း ကိုယ့်နားက အနံ့ဆိုးတွေရနေမယ်ဆိုရင် သူများအထင်သေးပါတယ်။ ဒါကြောင့် အမြဲတမ်းမွှေးနေအောင် သန့်သန့်ရှင်းရှင်းနေထိုင်ပါ။ ကိုယ်ကချွေးနံ့ထွက်တတ်တဲ့သူဆိုရင် Roll On လိမ်းပြီး ရေမွှေးဆွတ်ပေးပါ။ အိတ်ထဲမှာလည်း ရေမွှေးပုလင်း Travel Size လေးတွေကို ဆောင်ထားလို့ရပါတယ်။ ဒါဆိုရင်တော့ ချွေးထွက်လာတာနဲ့ ထုတ်သုံးလို့ရတာပေါ့။

Source: www.newlovetimes.com

ဒီအချက်လေးတွေကိုသာဂရုစိုက်ပေးပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ နေမယ်ဆိုရင်တော့ စမတ်ကျတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။