အားလုံးပဲ မင်္ဂလာပါ၊ သုတေသနပညာရှင်များရဲ့ ပြောကြားချက်အရ လူသားတွေရဲ့ မျက်လုံးများနဲ့ ဦးနှောက်က ရှုပ်ထွေးတဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ မျက်လုံးနဲ့ မြင်လိုက်တဲ့ အရာကို ဦးနှောက်က အဆင့် ၃ ဆင့် လုပ်ဆောင်ဖို့ တာဝန်ယူရပါတယ်။

ပထမအဆင့်က မြင်လိုက်တဲ့အရာကို သတင်းအချက်အလက်ရယူမယ်၊ ဒုတိယအဆင့်အနေနဲ့ ဘာသာပြန်မယ်၊ တတိယအဆင့်အနေနဲ့ ကိုယ်တကယ်မြင်လိုက်တဲ့အရာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပြန်လည်ပေးပို့တာပါ။

လူတစ်ယောက်နဲ့ တစ်ယောက်က မတူတော့ ဘာသာပြန်ပေးတဲ့ ဒုတိယအဆင့်မှာ အမျိုးမျိုးကွဲပြားသွားပါလိမ့်မယ်။ ဒါ့ကြောင့် စာဖတ်သူတို့လည်း အပျင်းပြေဖြစ်အောင် ဂိမ်းလေးတစ်ခုဆော့ရင်း ကိုယ်အကြောင်းကို ဒီ့ထက်ပိုမသိချင်ကြဘူးလား။

ဘယ်မျက်နှာက အံ့အားသင့်နေတဲ့ ပုံပေါက်နေပါသလဲ

(၁) ကို ရွေးတယ်ဆိုရင်တော့ သင်က နှိမ့်ချတတ်တဲ့စိတ်ထားရှိပြီး ပေါင်းရသင်းရလွယ်ကူတဲ့သူတစ်ယောက်ပါ။ မျက်နှာ (၂) ကို ရွေးရင်တော့ သင်က စည်းစနစ်ကျသူတစ်ယောက်ဖြစ်ပြီး အရာရာတိုင်းကို အစီအစဉ်ချပြီး ပြုလုပ်သူတစ်ယောက်ပါ။

ဘယ်မျက်နှာက ပျင်းရိနေတဲ့ ပုံပေါက်နေပါသလဲ

မျက်နှာ (၁) ကို ရွေးတယ်ဆိုရင် သင်က တည်ငြိမ်တဲ့သူတစ်ယောက်၊ စိတ်ခံစားချက်ကိုလည်း ထိန်းထားနိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ မျက်နှာ (၂) ကို ရွေးတယ်ဆိုရင်တော့ သင်က မိမိကိုယ်ကို အရမ်းမျှော်လင့်ထားသူတစ်ယောက်၊ မိမိကိုယ်ကို ဖြစ်စေချင်တာတွေ အရမ်းများနေတဲ့သူတစ်ယောက်ပါ။

ဘယ်မျက်နှာက စိတ်ဖိစီးနေတဲ့ ပုံပေါက်နေပါသလဲ

ပုံ (၁) ကို ရွေးရင်တော့ သင်က အလုပ်အလွန်အကျွံလုပ်နေရလို့ စိတ်ပင်ပန်းနေပါပြီ။ မိမိကိုယ်ကို အနားပေးလိုက်ပါဦးနော်။ ပုံ (၂) ကို ရွေးချယ်တဲ့သူဆိုရင်တော့ သင်က ပုံသေဖြစ်နေတဲ့ အရာတွေကို မကြိုက်ဘူး၊ လိုက်လျောညီထွေနေတတ်တာကတော့ သင့်ရဲ့ ပင်ကိုစတိုင်လ်ပေါ့။

ဘယ်မျက်နှာက ကြောက်ရွံ့တဲ့ ပုံပေါက်နေပါသလဲ

မျက်နှာ (၁) က ကြောက်ရွံ့ တဲ့ပုံပေါက်နေတယ်လို့ ထင်ရင်တော့ သင်က သင်မထိန်းချုပ်နိုင်တဲ့အရာတွေ ရှိလာခဲ့ရင် စိုးရိမ်စိတ်ကြီးသူတစ်ယောက်ပါ။ မိမိစိတ်ကို ထွက်ပေါက်ပေးလိုက်ပါဦး။ ပုံ(၂) ကို ရွေးချယ်မိရင်တော့ သင်က အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သလို အရာရာပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ချင်သူပါ။

ဘယ်မျက်နှာက ဝမ်းနည်းနေတဲ့ ပုံပေါက်နေပါသလဲ

ပုံ (၁) ကို ရွေးချယ်ခဲ့ရင်တော့ သင်က တစ်ယောက်ယောက်နဲ့ အငြင်းအခုန်လုပ်ရတာကို မကြိုက်ပါဘူး။ ငြင်းခုန်ရမယ့် အရာတွေကိုလည်း တတ်နိုင်သလောက်ရှောင်ကြဉ်ပါတယ်။ ပုံ (၂) ကို ရွေးချယ်ခဲ့ရင်တော့ သင်က သင့်ဘဝမှာ ကိုယ်ဘာလိုချင်သလဲဆိုတာကို တိတိကျကျသိထားတဲ့သူတစ်ယောက်ပါ။

ဘယ်မျက်နှာက ပျော်ရွှင်နေတဲ့ ပုံပေါက်နေပါသလဲ

ပုံ (၁) ကို ရွေးချယ်လိုက်ရင်တော့ သင်က စူးစမ်းလိုစိတ်ရှိတယ်၊ ဘဝကြီးက သင့်အတွက် စိတ်လှုပ်ရှားစရာ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ပုံ (၂) ကို ရွေးမိခဲ့တယ်ဆိုရင်တော့ သင်က ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသူတစ်ယောက်ပါ။

ဘယ်မျက်နှာက စိတ်အားထက်သန်နေတဲ့ ပုံပေါက်နေပါသလဲ

ပုံ (၁) ကို ရွေးချယ်ခဲ့ရင်တော့ သင်က အကောင်းမြင်စိတ်ရှိသူတစ်ယောက်၊ ဘယ်လို ကိစ္စမျိုးကိုမဆို အကောင်းဘက်က ရှုမြင်တတ်ပါတယ်။ ပုံ (၂) ကို ရွေးချယ်ခဲ့ရင်တော့ သင်က စိုးရိမ်သောက်က ကင်းတယ်၊ ပေါင်းရသင်းရလွယ်ပြီး သည်းခံစိတ်အပြည့်ရှိသူတစ်ယောက်ပါ။

ကဲ…စာဖတ်သူတို့ရေ အခုဖတ်သွားတာတွေနဲ့ ကိုယ့်အကြောင်းနဲ့ တိုက်ဆိုင်မှုရှိရဲ့လား။

Source: Brightside.me