[Zawgyi]

ေက်ာ္ေစာျခင္း၊ ေနရာ၊ အာဏာ စတဲ့အရာေတြဟာ ေအာင္ျမင္မႈကို တုိင္းတာတဲ့အရာေတြအဟုတ္ဘူးလုိ႔ ႏုိဗယ္လ္ဆုရ H. G. Wells က ေျပာခဲ့ပါတယ္။ ေအာင္ျမင္မႈကို တုိင္းတာစစ္ေဆးလုိ႔ရႏုိင္မယ့္ တစ္ခုတည္းေသာအရာက ၁။ ကုိယ္ ဘာေတြလုပ္ခဲ့သလဲ ၂။ ၿပီးေတာ့ ဘာေတြ ျဖစ္ေနၿပီလဲဆုိတဲ့ အရာႏွစ္ခုရဲ႕ အခ်ိဳးအတုိင္းအဆကသာ တုိင္းတာလုိ႔ ရႏုိင္တာပါ။ တျခားစကားလုံးနဲ႔ေျပာရမယ္ဆုိရင္ ေအာင္ျမင္မႈဆုိတာကုိယ့္ရဲ႕ အရည္အခ်င္း အစြမ္းမစ တျဖည္းျဖည္း တုိးပြားလာရျခင္းပါ။

ကုိယ့္ေလ့လာရွာေဖြလုိက္စားထားတဲ့ ပညာရပ္ေတြ၊ ဗဟုသုတေတြ၊ အရည္အခ်င္းေတြဟာ တကယ္ေတာ့ ဘဝကေပးတဲ့ လက္ေဆာင္ေတြပဲျဖစ္ပါတယ္။ အဲဒီအရာေတြဟာ ကုိယ္စြမ္းကုိယ္စကုိ ျမင့္တင္ေပးမယ့္၊ ဘဝကုိႀကီးပြားတုိးတက္ေစမယ့္ လက္နက္ေတြျဖစ္ပါတယ္။ ကုိယ့္ကုိယ္ကုိ ကုိယ္လုပ္ႏုိင္တာထက္ ပုိၿပီး လုပ္ႏုိင္ရမယ္လုိ႔ ယုံၾကည္ၿပီး လုပ္တဲ့သူေတြဟာ အနည္းစုသာ ရွိၾကပဲပါတယ္။ အဲဒီ အနည္းစုေတြကသာပဲ ေအာင္ျမင္ေနၾကတာပါ။ ဆုိလုိတာက မိမိကုိယ္ကုိယ္ လုပ္ႏုိင္ရမယ့္၊ေအာင္ျမင္ရမယ့္လုိ႔ ကုိယ့္အစြမ္းအစကုိ ယုံၾကည္မႈ အျပည့္တည္ေဆာက္ေစခ်င္တာပါ။

ျပႆနာတစ္ခုက ဘာလဲဆုိေတာ့ လူေတြဟာ သူတုိ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကုိ ကန္႔သတ္ထားၾကာတာပဲ ျဖစ္ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ မလုပ္ႏုိင္ဘူးလုိ႔ ထင္ေနၾကတာေၾကာင့္ပါ။ ဟုတ္ပါတယ္ လူတုိင္းက အရာရာကုိေတာ့ ဘယ္လုပ္ႏုိင္ၾကပါ့မလဲ၊ ဒါေပမယ့္ သူတုိ႔လုပ္ႏုိင္တာ တစ္ခုခုေတာ့ ရွိကုိရွိၾကပါတယ္။ “ We can do anything, but we can’t do everything.” ဆုိတဲ့ စကားအတုိင္းေပါ့။ ကုိယ္ တစ္ခုခုကိုေတာ့ ထူးထူးခြ်န္ခြ်န္လုပ္ႏုိင္ၾကပါတယ္။ ၉၀ ရာခိုင္ႏႈန္းေသာ လူေတြကုိ သူတုိ႔ရဲ႕ဘဝကုိ အျခားသူေတြ ဆုံးျဖတ္တဲ့အတုိင္း လုိက္နာလုပ္ကုိင္ ကုန္ဆုံးသြားၾကပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ ကုိယ့္ရည္မွန္းခ်က္ေတြကုိေတာင္ ေသတဲ့အထိ အေကာင္အထည္မေဖာ္ျဖစ္ၾကေတာ့ပါဘူး။

ဒါေတြကုိ သင္တကယ္နားလည္မယ္ဆုိရင္ ၿပီးေတာ့ ကုိယ့္အစြမ္းအစကုိ ျမင့္တင္မယ့္ အရားေတြကုိ ျပဳလုပ္ေနမယ္ဆုိရင္ သင့္ဘဝ ေျပာင္းလဲသြားဖုိ႔ ရာခုိင္ႏႈန္းျပည့္ ေနခ်ာေနပါၿပီ။ ကုိယ့္ရည္မွန္းခ်က္ လမ္းေၾကာင္းေပၚကုိေရာက္ဖုိ႔အတြက္ ထည့္စဥ္းစားရမယ့္ အခ်က္ (၄) ခ်က္ကုိ ေဖာ္ျပေပးလုိပါတယ္။

၁) ရည္မွန္းခ်က္ကုိ မယုိင္းယိမ္ပါေစနဲ႔။

ကိုယ့္ရဲ႕ အိပ္မက္ကုိ အေကာင္အထည္ေဖာ္တဲ့အခါမွာ လုပ္ခ်င္တာေတြ မ်ားေနလုိ႔ကေတာ့ မေရာက္ႏုိင္ပါဘူး။ အဲဒီေတာ့ အိပ္မက္ကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ရာအတြက္ အာရုံစူးစုိက္ လုပ္ကုိင္တတ္ဖုိ႔ လုပ္အပ္ပါတယ္။ အဲဒါေၾကာင့္မုိ႔လုိ႔ သင့္ရဲ႕ ရည္မွန္းခ်က္ကုိ ရွာေဖြေတြ႕ရွိဖုိ႔က အင္မတန္အေရးႀကီးတာပါ။ ရွာေဖြေတြ႕ရွိထားတဲ့ ရည္မွန္းခ်က္ဟာ မေျပာင္လဲပဲႏွင့္ တသမွတ္တည္းျဖစ္ေနဖုိ႔
လည္း အေရးႀကီးပါတယ္။

၂) ကုိယ့္အရည္အခ်င္းေတြကုိ စဥ္ဆက္မျပက္ တုိးတတ္ေနဖို႔ လုိအပ္ပါတယ္။

ကုိယ့္အစြမ္းအစကုိ အၿမဲျမင့္တင္ေပးေနဖုိ႔ဟာ ေအာင္ျမင္မႈကုိ ရရွိေစဖုိ႔နဲ႔ ေရရွည္ထိန္းသိမ္းထားႏုိင္ဖုိ႔အတြက္ ေသာ့ခ်က္လည္းျဖစ္ပါတယ္။ ဒီေန႔သင္ နည္းနည္းေလ့လာ ျဖည့္ဆည္းတာက မေန႔က သင္ ထက္ ပုိၿပီး သာမြန္ေကာင္းမြန္ပါတယ္။ ကုိယ့္ကုိ ေလွကာထစ္ ေနာက္တစ္ထစ္ တက္လွမ္းေစတဲ့အတြက္ ျဖစ္ပါတယ္။ ကုိယ္စြမ္းကုိယ္စ အျမဲတုိးတတ္ေအာင္ ႀကိဳးစားေနတဲ့ သူမ်ားဟာ အျမင့္ကုိ အေရာက္ျမန္သလုိ ေအာက္ေျခလည္း ခုိင္ၾကပါတယ္။

၃) အတိတ္သင္ခန္းစာကုိ သင္ယူပါ၊

အတိတ္ကုိ ေမ့ထားလုိက္ပါတယ္။ အတိတ္ဆုိတာ ၿပီးၿပီးသား အရာတစ္ခုပါ။ သူ႔ကုိ ျပဳျပင္လုိ႔လည္းမရေတာ့ပါဘူး။ ျပန္လုပ္ယူလုိ႔လည္း မရႏုိင္ပါဘူး။ အတိတ္လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီးဘာကုိမွလည္း မလုပ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ေမ့ထားတတ္ဖုိ႔လုိအပ္ပါတယ္။ သုိ႔ေသာ္ အဲဒီအတိတ္ကေန သင္ခန္းစာေတြကုိ ထုတ္ယူစားသုံးတတ္ရပါလိမ့္မယ္။ မဟုတ္ရင္ေတာ့ အတိတ္ကအမွားေတြဟာ ပစၥဳပၸန္မွာေရာ၊ အနာဂတ္မွာေရာ အႀကိမ္ႀကိမ္အမွားေတြ လုပ္မိေနပါလိမ့္မယ္။ သုိ႔ေပမယ့္ အတိတ္ဆုိတာ ၿပီးသြားၿပီးပါၿပီ။ ေရွ႕ဆက္လုပ္ေဆာင္ရမယ့္ အရာေတြကုိပဲ အာရုံစုိက္ လုပ္ကုိဖုိ႔ လုိပါတယ္။

ကုိယ့္အတိတ္မွာ အမွားမ်ားစြာကုိ က်ဴးလြန္မိခဲ့လုိ႔ အဒီအမွားေတြကုိ ေနာင္တရၿပီး ေမ့မရဘူးျဖစ္ေနတယ္ဆုိရင္ေတာင္မွ အဲဒီ အတိတ္က လုပ္မိခဲ့တဲ့အမွားေတြက ယခုလက္ရွိလုပ္ေနတဲ့ အလုပ္ကုိ လာၿပီး မေႏွာက္ယွတ္ေစဖုိ႔ သင္ သတိထားဖုိ႔ လုိအပ္ပါတယ္။ အဲဒီ ညႊတ္ကြင္းကေန လြတ္ေျမာက္ေအာင္ ႀကိဳးစားပါ။ ကုိယ့္အစြမ္းအစကုိ ပိတ္ပင္တားဆီေစမယ့္ အရာေတြကုိ ေရွာင္းရွားပါ။

၄) ေရွ႕ဆက္လုပ္ရမယ့္အလုပ္ေတြအေပၚ အာရုံစုိက္ပါ။

အနာဂတ္ဆုိတာ ျဖစ္မလာေသးတဲ့အရာဆုိတာ မွန္ပါတယ္။ ျဖစ္မလာေသးဘူးဆုိတာ မွန္တယ္ဆုိေပမယ့္ ကုိယ့္လုပ္မယ့္အရာ၊ ရည္မွန္းထားတဲ့အရာ၊ ျဖစ္ခ်င္တဲ့အရာေတြ ျဖစ္လာမယ့္ေနရာျဖစ္တာေၾကာင့္ ကုိယ္ဘာလုပ္မယ္ဆုိတာကုိ ေသခ်ာ အာရုံးစုိက္ဖုိ႔ လုိအပ္ပါတယ္။ ကုိယ့္အရည္အခ်င္းက အနာဂတ္မွာေအာင္ျမင္ဖုိ႔ ေသာ့ခ်က္ပါပဲ။ အသက္ဘယ္ေလာက္ငယ္ငယ္၊ ဘယ္ေလာက္ႀကီးႀကီး အဲဒီအရည္အခ်င္းကုိ ျမင့္ေအာင္ လုပ္ႏုိင္မယ့္ နည္းလမ္းေတြ အမ်ားႀကီးပါပဲ။ မနက္ျဖန္မွာ သင္ဟာ ဒီေန႔ထက္ အမ်ားႀကီး ေကာင္းမြန္သြားေအာင္ လုပ္ႏုိင္ပါတယ္။ ေရွ႕ကုိမၾကည့္တဲ့သူဟာ ေနာက္မွာ က်န္ခဲ့ၾကပါသည္ဆုိတဲ့ စပိန္စကားပုံအတုိင္းပါပဲ။ ဒါေၾကာင့္ သင့္အနာဂတ္ကုိ ေမွ်ာ္ျမင္ၾကည့္တတ္ဖုိ႔လုိအပ္ပါတယ္။

Featured Image Source: Medium

[Unicode]

ကျော်စောခြင်း၊ နေရာ၊ အာဏာ စတဲ့အရာတွေဟာ အောင်မြင်မှုကို တိုင်းတာတဲ့အရာတွေအဟုတ်ဘူးလို့ နိုဗယ်လ်ဆုရ H. G. Wells က ပြောခဲ့ပါတယ်။ အောင်မြင်မှုကို တိုင်းတာစစ်ဆေးလို့ရနိုင်မယ့် တစ်ခုတည်းသောအရာက ၁။ ကိုယ် ဘာတွေလုပ်ခဲ့သလဲ ၂။ ပြီးတော့ ဘာတွေ ဖြစ်နေပြီလဲဆိုတဲ့ အရာနှစ်ခုရဲ့ အချိုးအတိုင်းအဆကသာ တိုင်းတာလို့ ရနိုင်တာပါ။ တခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် အောင်မြင်မှုဆိုတာကိုယ့်ရဲ့ အရည်အချင်း အစွမ်းမစ တဖြည်းဖြည်း တိုးပွားလာရခြင်းပါ။

ကိုယ့်လေ့လာရှာဖွေလိုက်စားထားတဲ့ ပညာရပ်တွေ၊ ဗဟုသုတတွေ၊ အရည်အချင်းတွေဟာ တကယ်တော့ ဘဝကပေးတဲ့ လက်ဆောင်တွေပဲဖြစ်ပါတယ်။ အဲဒီအရာတွေဟာ ကိုယ်စွမ်းကိုယ်စကို မြင့်တင်ပေးမယ့်၊ ဘဝကိုကြီးပွားတိုးတက်စေမယ့် လက်နက်တွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်လုပ်နိုင်တာထက် ပိုပြီး လုပ်နိုင်ရမယ်လို့ ယုံကြည်ပြီး လုပ်တဲ့သူတွေဟာ အနည်းစုသာ ရှိကြပဲပါတယ်။ အဲဒီ အနည်းစုတွေကသာပဲ အောင်မြင်နေကြတာပါ။ ဆိုလိုတာက မိမိကိုယ်ကိုယ် လုပ်နိုင်ရမယ့်၊အောင်မြင်ရမယ့်လို့ ကိုယ့်အစွမ်းအစကို ယုံကြည်မှု အပြည့်တည်ဆောက်စေချင်တာပါ။

ပြဿနာတစ်ခုက ဘာလဲဆိုတော့ လူတွေဟာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ကန့်သတ်ထားကြာတာပဲ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ မလုပ်နိုင်ဘူးလို့ ထင်နေကြတာကြောင့်ပါ။ ဟုတ်ပါတယ် လူတိုင်းက အရာရာကိုတော့ ဘယ်လုပ်နိုင်ကြပါ့မလဲ၊ ဒါပေမယ့် သူတို့လုပ်နိုင်တာ တစ်ခုခုတော့ ရှိကိုရှိကြပါတယ်။ “ We can do anything, but we can’t do everything.” ဆိုတဲ့ စကားအတိုင်းပေါ့။ ကိုယ် တစ်ခုခုကိုတော့ ထူးထူးချွန်ချွန်လုပ်နိုင်ကြပါတယ်။ ၉၀ ရာခိုင်နှုန်းသော လူတွေကို သူတို့ရဲ့ဘဝကို အခြားသူတွေ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာလုပ်ကိုင် ကုန်ဆုံးသွားကြပါတယ်။ ရလဒ်အနေနဲ့ကတော့ ကိုယ့်ရည်မှန်းချက်တွေကိုတောင် သေတဲ့အထိ အကောင်အထည်မဖော်ဖြစ်ကြတော့ပါဘူး။

ဒါတွေကို သင်တကယ်နားလည်မယ်ဆိုရင် ပြီးတော့ ကိုယ့်အစွမ်းအစကို မြင့်တင်မယ့် အရားတွေကို ပြုလုပ်နေမယ်ဆိုရင် သင့်ဘဝ ပြောင်းလဲသွားဖို့ ရာခိုင်နှုန်းပြည့် နေချာနေပါပြီ။ ကိုယ့်ရည်မှန်းချက် လမ်းကြောင်းပေါ်ကိုရောက်ဖို့အတွက် ထည့်စဉ်းစားရမယ့် အချက် (၄) ချက်ကို ဖော်ပြပေးလိုပါတယ်။

၁) ရည်မှန်းချက်ကို မယိုင်းယိမ်ပါစေနဲ့။

ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်တဲ့အခါမှာ လုပ်ချင်တာတွေ များနေလို့ကတော့ မရောက်နိုင်ပါဘူး။ အဲဒီတော့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ရာအတွက် အာရုံစူးစိုက် လုပ်ကိုင်တတ်ဖို့ လုပ်အပ်ပါတယ်။ အဲဒါကြောင့်မို့လို့ သင့်ရဲ့ ရည်မှန်းချက်ကို ရှာဖွေတွေ့ရှိဖို့က အင်မတန်အရေးကြီးတာပါ။ ရှာဖွေတွေ့ရှိထားတဲ့ ရည်မှန်းချက်ဟာ မပြောင်လဲပဲနှင့် တသမှတ်တည်းဖြစ်နေဖို့
လည်း အရေးကြီးပါတယ်။

၂) ကိုယ့်အရည်အချင်းတွေကို စဉ်ဆက်မပြက် တိုးတတ်နေဖို့ လိုအပ်ပါတယ်။

ကိုယ့်အစွမ်းအစကို အမြဲမြင့်တင်ပေးနေဖို့ဟာ အောင်မြင်မှုကို ရရှိစေဖို့နဲ့ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် သော့ချက်လည်းဖြစ်ပါတယ်။ ဒီနေ့သင် နည်းနည်းလေ့လာ ဖြည့်ဆည်းတာက မနေ့က သင် ထက် ပိုပြီး သာမွန်ကောင်းမွန်ပါတယ်။ ကိုယ့်ကို လှေကာထစ် နောက်တစ်ထစ် တက်လှမ်းစေတဲ့အတွက် ဖြစ်ပါတယ်။ ကိုယ်စွမ်းကိုယ်စ အမြဲတိုးတတ်အောင် ကြိုးစားနေတဲ့ သူများဟာ အမြင့်ကို အရောက်မြန်သလို အောက်ခြေလည်း ခိုင်ကြပါတယ်။

၃) အတိတ်သင်ခန်းစာကို သင်ယူပါ၊

အတိတ်ကို မေ့ထားလိုက်ပါတယ်။ အတိတ်ဆိုတာ ပြီးပြီးသား အရာတစ်ခုပါ။ သူ့ကို ပြုပြင်လို့လည်းမရတော့ပါဘူး။ ပြန်လုပ်ယူလို့လည်း မရနိုင်ပါဘူး။ အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးဘာကိုမှလည်း မလုပ်နိုင်ပါတယ်။ ဒါကြောင့် မေ့ထားတတ်ဖို့လိုအပ်ပါတယ်။ သို့သော် အဲဒီအတိတ်ကနေ သင်ခန်းစာတွေကို ထုတ်ယူစားသုံးတတ်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ အတိတ်ကအမှားတွေဟာ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာရော အကြိမ်ကြိမ်အမှားတွေ လုပ်မိနေပါလိမ့်မယ်။ သို့ပေမယ့် အတိတ်ဆိုတာ ပြီးသွားပြီးပါပြီ။ ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေကိုပဲ အာရုံစိုက် လုပ်ကိုဖို့ လိုပါတယ်။

ကိုယ့်အတိတ်မှာ အမှားများစွာကို ကျူးလွန်မိခဲ့လို့ အဒီအမှားတွေကို နောင်တရပြီး မေ့မရဘူးဖြစ်နေတယ်ဆိုရင်တောင်မှ အဲဒီ အတိတ်က လုပ်မိခဲ့တဲ့အမှားတွေက ယခုလက်ရှိလုပ်နေတဲ့ အလုပ်ကို လာပြီး မနှောက်ယှတ်စေဖို့ သင် သတိထားဖို့ လိုအပ်ပါတယ်။ အဲဒီ ညွှတ်ကွင်းကနေ လွတ်မြောက်အောင် ကြိုးစားပါ။ ကိုယ့်အစွမ်းအစကို ပိတ်ပင်တားဆီစေမယ့် အရာတွေကို ရှောင်းရှားပါ။

၄) ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအပေါ် အာရုံစိုက်ပါ။

အနာဂတ်ဆိုတာ ဖြစ်မလာသေးတဲ့အရာဆိုတာ မှန်ပါတယ်။ ဖြစ်မလာသေးဘူးဆိုတာ မှန်တယ်ဆိုပေမယ့် ကိုယ့်လုပ်မယ့်အရာ၊ ရည်မှန်းထားတဲ့အရာ၊ ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာမယ့်နေရာဖြစ်တာကြောင့် ကိုယ်ဘာလုပ်မယ်ဆိုတာကို သေချာ အာရုံးစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အရည်အချင်းက အနာဂတ်မှာအောင်မြင်ဖို့ သော့ချက်ပါပဲ။ အသက်ဘယ်လောက်ငယ်ငယ်၊ ဘယ်လောက်ကြီးကြီး အဲဒီအရည်အချင်းကို မြင့်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီးပါပဲ။ မနက်ဖြန်မှာ သင်ဟာ ဒီနေ့ထက် အများကြီး ကောင်းမွန်သွားအောင် လုပ်နိုင်ပါတယ်။ ရှေ့ကိုမကြည့်တဲ့သူဟာ နောက်မှာ ကျန်ခဲ့ကြပါသည်ဆိုတဲ့ စပိန်စကားပုံအတိုင်းပါပဲ။ ဒါကြောင့် သင့်အနာဂတ်ကို မျှော်မြင်ကြည့်တတ်ဖို့လိုအပ်ပါတယ်။

Featured Image Source: Medium