လူတစ်ယောက်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူမှ တပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ဒီလူရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကို ကြည့်ပြီးတော့ ဒီလူဟာ ဘယ်လိုနေရာအထိ ရောက်နိုင်တယ်ဆိုတာတော့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။

အခုပြောပြမှာကတော့ သေချာပေါက် အောင်မြင်မယ့်သူတွေမှာ တွေ့ရတဲ့ လက္ခဏာ ၄ ခု အကြောင်းပါ။

(၁) ပြောင်းလွယ်ပြင်လွယ်ရှိတယ်

ကြိုတင်မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေအတွက် လိုက်လျောညီထွေရှိစွာ ပြောင်းလွယ်ပြင်လွယ်ရှိမယ်ဆိုရင် အခက်အခဲတိုင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး အောင်မြင်မှု ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်မှာပါ။

(၂) စိတ်အားထက်သန်မှုရှိတယ်

ပြင်းပြတဲ့ စိတ်အားထက်သန်မှုကသာလျှင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်အောင် တွန်းပို့ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

(၃) များများလုပ်ဖို့ တွန့်ဆုတ်မနေဘူး

တစ်ချိန်မှာ အောင်မြင်မယ့် သူတစ်ယောက်ဟာ တခြားသူတွေထက် များများပိုပြီး လုပ်ရဖို့ ပျင်းမနေဘူး ၊ အလုပ်ပိုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

(၄) ယုံကြည်ချက် ခိုင်မာတယ်

ကိုယ်ယုံကြည်ရာလမ်းကို လျောက်လှမ်းဖို့ ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ ဘဝရဲ့ အချိုးအကွေ့မှာ ကြုံရမယ့် ဒုက္ခနဲ့ ပြဿနာတွေဆိုတာ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ပဲ လက်မလျော့စတမ်း ကျော်ဖြတ်ကြရတာ ဖြစ်ပါတယ်။