အခုလို ပူအိုက်တဲ့ နွေရာသီမျိုးမှာ ပေါ့ပေါ့ပါးပါး ဝတ်လို့ကောင်းတဲ့ ဘောင်းဘီတိုပဲ ကိုယ်မှာ ကပ်ချင်ကြမှာပါ။ Short Pants တွေဟာ အိမ်မှာနေတုန်းပဲ ဝတ်ဝတ် အားကစားလုပ်တာ ကမ်းခြေမှာ လျှောက်သွားချိန်မှာပဲ ဖြစ်ဖြစ် ဝတ်လို့ကောင်းတဲ့ အဝတ်အစားအမျိုးအစား ဖြစ်ပါတယ်။

Photo : Pinterest

မေးစရာရှိတာက အမျိုးသားဝတ် ဘောင်းဘီတိုတစ်ထည်ဟာ ဘယ်လောက် တို သင့်သလဲ။ ဘယ်လောက်ပွရင် ဝတ်လို့ကောင်းသလဲ။ ပေါ့ပေါ့ပါးပါး ဝတ်ဖို့ ဘောင်းဘီတိုတစ်ထည် ဝယ်မယ်ဆိုရင် အမှားမဖြစ်အောင် ဘယ်အချက်တွေ စဉ်းစားသင့်သလဲဆိုတာကို အကြံပြုချင်ပါတယ်။

ဘောင်းဘီမှာ ခြေအတွင်းပိုင်း ပေါင်ရင်းဂွဂွေ ခြေကျင်းဝတ်အထိ တိုင်းတဲ့ Inseam Length ဆိုတာ ရှိပါတယ်။ ဘောင်းဘီတိုတစ်ထည်ရဲ့ ပုံမှန် Inseam Length ဟာ ၅ လက်မ ၊ ၇ လက်မ ၊ ၉ လက်မနဲ့ ၁၁ လက်မ ရှိပါတယ်။ သင့်အနေနဲ့ ဘောင်းဘီတိုရဲ့ Inseam Length ကို ‌ရွေးမယ်ဆိုရင် အချက်နှစ်ချက်ကို အခြေခံပြီး ရွေးရမှာပါ။ ပထမတစ်ချက်က သင့်အရပ်အမြင့် ဖြစ်ပါတယ်။

Source : The Essential Man

အရပ်ရှည်လေလေ ဘောင်းဘီတို Inseam Length ရှည်ရှည်ရွေးရလေ ဖြစ်လို့ ၉ လက်မ နဲ့ ၁၁ လက်မ Option နှစ်ခု ရွေးနိုင်ပါတယ်။ အရပ်ပုသူတွေက ၅ လက်မနဲ့ ၇ လက်မထဲက ရွေးရမှာပါ။ နောက်တစ်ချက်က သင်ဟာ ဘယ်လောက်ဘောင်းဘီတိုတာမျိုးကို ကြိုက်သလဲ ဆိုတာပါပဲ။ အရပ် ၅ ပေ ၈ လက်မ လူငယ်တစ်ယောက်အနေနဲ့ ၅ လက်မ အရွယ် Short Pant က ကျပ်ထုတ်ပြီး ဝတ်ရတာ ဖက်ရှင်ကျမှာ မဟုတ်ပါဘူး။

ဘောင်းဘီတိုရွေးဝယ်ရာမှာ အလွယ်ဆုံးနည်းက ဘောင်းဘီအောက်အနားဟာ ဒူးအထက် ၁ လက်မနဲ့ ၃ လက်မအကြား ထက် ပိုမရှိသင့်တာပါပဲ။ များသောအားဖြင့် ၇ လက်မအရွယ်အစားဟာ အားလုံးနဲ့ အဆင်ပြေပါတယ်။ တစ်ခု သတိထားရမှာက ဘောင်းဘီအောက်ပိုင်းဟာ ဒူးအောက် ရောက်မသွားစေဖို့ပါပဲ။ ဒူးတစ်ဝက်အထိ ရောက်နေတာက အမှန်ဆုံးပါပဲ။