အိပ်ရာပေါ်ကနေ ကုန်းရုန်းထရတာက ပျင်းစရာအလုပ်တစ်ခုပါ။ ပျင်းလို့ ကောင်းတာဘာမှဖြစ်မလာပါဘူး။ တခြားလူတွေ နေ့တစ်နေ့ကို အားကြိုးမာန်တက်စတင်နေချိန်မှာ သင်က ပျင်းနေတာမဖြစ်သင့်ပါဘူး။ ဒါပေမဲ့ မနက်စောစောမထတတ်တဲ့ သူတွေက ဥာဏ်ရည်မြင့်မားကြကြောင်း သိပ္ပံပညာရှင်တွေက အဆိုပြုထားကြပါတယ်။

ဒါကြောင့် သင်က မနက် နှိုးစက်ပေးတတ်ပြီး ပြန်အိပ်တတ်သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။

အိပ်ရာမထချင်တဲ့စိတ်က သာမန်ဖြစ်စဉ်နဲ့ ဆန့်ကျင်တာပါ

ဗြိတိန်နိုင်ငံက လေ့လာမှုတစ်ခုမှာ ဟိုးအရင် ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက အကြောင်းအရာတွေကို လေ့လာခဲ့ပါတယ်။ ပညာရှင်တွေက ရှေးခေတ်က လူတွေဟာ စောစောအိပ် စောစောထကြပါတယ်တဲ့။ သင့်ရဲ့ အဘိုးတွေအဖွားတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ နောက်ကျမှ အိပ်ရာထသူတွေဟာ ယနေ့ခေတ် လူနေမှုပုံစံနဲ့ ပိုသင့်တော်နေပါတယ်။ ဒီဟာကကို ဥာဏ်ပိုကောင်းစေတဲ့ အချက်တစ်ခုပါပဲ။

အိပ်ရာ လွယ်လွယ်နဲ့ မထချင်တာက သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေနေတာပါပဲ။ ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ ပြောစကားကို နားထောင်မယ်ဆိုရင် နာရီတစ်လုံးရဲ့ အိပ်ရာထဖို့ ပြောနေတဲ့အသံကို နာခံစရာမလိုဘူးလေ။ ဆိုလိုတာကတော့ အိပ်ရာနောက်ကျမှထသူတွေဟာ အမှီအခိုကင်းတဲ့သဘောပါ။ ကိုယ့် ခန္ဓာကိုယ်ရဲ့ စကားသံကိုပဲ နားထောင်လို့ပါ။ နှိုးစက်သံကို ပြန်ပိတ်ြပီး အိပ်တတ်သူတွေက သူတို့ ကိုယ်ပိုင်အတွေးနဲ့ ဖြေရှင်းနည်းတွေရှိတတ်ကြပါတယ်။

အနည်းဆုံးတော့ အိပ်ပြီးရင်း အိပ်ချင်တတ်တဲ့စိတ်က ဖြစ်လာမယ့် သက်ရောက်မှုတွေကို နားလည်ထားပြီး ရလာမယ့် အဖြေကို မငြင်းတတ်သူတွေပါ။

လေ့လာမှုတစ်ခုအရ ညဘက်မအိပ်တတ်သူတွေဟာ ပိုပြီး ပျော်ရွှင်တတ်ကြပါတယ်တဲ့

Southampton မြို့ရဲ့ တက္ကသိုလ်တစ်ခုကတော့ အမျိုးသားနဲ့ အမျိးသမီးပေါင်း ၁၂၂၉ ဦးကို လေ့လာခဲ့ပါတယ်။ ညဘက်ကို ၁၂ နာရီမှ အိပ်ပြီး မနက် ၈ နာရီထတတ်သူ (ညဇီးကွက်)တွေဟာ မနက်စောစောထသူတွေထက် ပိုပျော်ရွှင်တဲ့နေထိုင်မှုပုံစံကို ပိုင်ဆိုင်ကြပါတယ်တဲ့။

ဒါပေမဲ့ တစ်နေ့ကို နာရီပေါင်း ၁၂ နာရီ ဒါမှမဟုတ် အဲ့ထက်ပိုပြီး အိပ်တတ်သူတွေဟာ စောစောစီးစီးသေဆုံးတတ်ကြပါတယ်။ အန္တရာယ်အကင်းဆုံးကတော့ ၈ နာရီကြာ အိပ်စက်တာပါ။

အိပ်စက်ခြင်းဆိုတာကတော့ ဂရုစိုက်ရမယ့် အရာတစ်ခုပါပဲ။ အိပ်တာကို အလွန်အကျွံမနှစ်ခြိုက်သင့်သလို အအိပ်နည်းတာမျိုးလည်းမဖြစ်သင့်ပါဘူး။ ကောင်းကောင်းအိပ်ပျော်ဖို့ သင်က ပါရမီရှင်ဖြစ်နေစရာမလိုပါဘူး။ ခန္ဓာကိုယ်ရဲ့အသံနားထောင်ပေးတာက သင့်ကို ပိုပြီးဥာဏ်ရည်မြင့်မားစေပါတယ်။

Source: Brightside.me

By MyStyle Myanmar