လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship တခုအဆင်ပြေဖို့ဆိုတာက တစ်ယောက်တည်းကောင်းနေလို့မရပါဘူး။ နှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့အရာပါ။ ဒါကြောင့် သင့်ရဲ့ Relationship ကို လမ်းခွဲခြင်းနဲ့ အဆုံးမသတ်ချင်ဘူးဆိုရင် အခုပြောပြမယ့်အရာတွေကို မလုပ်မိအောင် ရှောင်ပါ။

ကိုယ့်ကို စိတ်ဝင်တစားမရှိတဲ့သူတစ်ယောက်နဲ့ အတူရှိနေရတာက Single ဖြစ်ရတာထက် အထီးကျန်ပိုဆန်တာမလို့ ဘယ်သူမှ ကိုယ့်ကိုအာရုံမရှိတဲ့သူနဲ့ အတူမရှိချင်ပါဘူး။

အတိတ်ကစိတ်ဒဏ်ရာတွေကို မမေ့ပစ်နိုင်ဘဲ လက်ရှိဆက်ဆံရေးကိုသယ်လာတာကလည်း Relationship တစ်ခုကို အဆုံးသတ်သွားစေနိုင်တဲ့ အမှားတစ်ခုပါပဲ။

Relationship တခုဆိုတာက အချစ်တွေ ၊ ရင်းနှီးမှုတွေ တိုးလာရမယ့်နေရာပါ။ ဒီလိုမဟုတ်ဘဲ မကောင်းတဲ့ခံစားချက်တွေကို ပေါက်ကွဲတာမျိုးဘဲလုပ်နေရင်တော့ မကြာခင်မှာ အဆုံးသတ်မှာ အသေချာပါ။

အဆင်ပြေတဲ့ Relationship တခုဖြစ်ဖို့က နှစ်ယောက်လုံးမှာ တာဝန်ရှိတာမလို့ တဖက်သားကိုဘဲမှီခိုလွန်းရင်လဲ ကြာရှည်မခံတဲ့ Relationship ဖြစ်သွားတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဝေဖန်ထောက်ပြတာတွေက ဖြစ်သင့်တယ်ဆိုပေမယ့် သူတို့အတွက် စိတ်အားငယ်အောင် စိတ်ဓာတ်ကျအောင် ပြောတာမျိုးမဖြစ်အောင်တော့ ရှောင်ပါ။

Relationship တစ်ခုကို ခိုင်မြဲစေတဲ့အကြောင်းအရာတွေထဲမှာ အချိန်လည်းတခုအပါအဝင်ပါ။ ဒီလိုမဟုတ်ဘဲ အကြောင်းပြချက်အမျိုးမျိုးပေးပြီး အချိန်မပေးရင် ရလဒ်က ပြောင်းပြန်ဖြစ်သွားစေပါတယ်။