ရည်မှန်းချက်တွေဖြစ်မြောက်ဖို့ဆိုတာက ကံ၊ ဉာဏ်၊ ဝိရိယ အားလုံးလိုအပ်ပါတယ်။ ကံကောင်းနေလည်း ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိရင် အပြည့်အဝ ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ ကိုယ်ဘက်က အမြဲကြိုးစားနေဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုအလေ့အကျင့်ဆိုးတွေကို လုပ်နေမိရင်လည်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

အချိန်ဆွဲခြင်း

တစ်ခုခုဆို ချက်ချင်းမလုပ်ပဲ အချိန်ဆွဲနေရင် သူများထက်နောက်ကျပြီး အခွင့်အရေးတွေလည်း လက်လွတ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး ကြိုးစားနေရမယ့်အချိန်မှာ အချိန်ဆွဲနေရင်တော့ အချိန်တွေကြာပြီး ရည်မှန်းချက်တွေ အလှမ်းဝေးသွားပါလိမ့်မယ်။

ပျင်းရိခြင်း

အိမ်မက်တွေ ရည်မျန်းချက်တွေ ပြည့်ဝအောင်ကြိုးစားနေချိန်မှာ လုံးဝပျင်းရိနေလို့ မဖြစ်ပါဘူး။ ပျင်းရိနေရင်တော့ လုပ်ချင်စိတ်ပဲရှိပြီး အကောင်အထည်ဖော်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလုပ်လုပ် သူများထက် အမြဲနောက်ကျနေပါလိမ့်မယ်။ ပျင်းရိတာက ကြာလာရင် ရည်မှန်းချက်တွေပါ ပျောက်သွားပါလိမ့်မယ်။

ဆင်ခြင်များခြင်း

ရည်မှန်းချက်ရှိရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက်ကို ပြည့်ဝအောင် အကောင်အထည်ဖော်ပြီး ကြိုးစားရမှာပါ။ အဲ့တာကို အကြောင်းအမျိုးမျိုးပြမယ်၊ ဆင်ခြင်တွေများပြီး ဘာမှမလုပ်ပဲ နေ့ရွှေ့ညရွှေ့လုပ်နေမယ်ဆိုရင်တော့ ရည်မှန်းချက်ဆိုတာက စိတ်ကူးယဉ်သက်သက်သာ ဖြစ်သွားပါလိမ့်မယ်။

အဆုံးထိမလုပ်ခြင်း

 

ရည်မှန်းချက်ပြည်ဝအောင် တူတူကြိုးစားနေကြတဲ့သူ အချင်းချင် ကိုယ်တစ်ယောက်ထဲ ကျန်ခဲ့တဲ့အခါ၊ မအောင်မြင်တဲ့အခါ နောက်တစ်ခေါက် ပြန်ကြိုးစားလို့ ရပါတယ်။ အဲ့တာကို အဆုံးထိမလုပ်ပဲ တစ်ဝက်တစ်ပျက်မှာ တင်ရပ်ပစ်လိုက်တာမျိုးဆိုရင် နောက်တစ်ခေါက် အစကနေပြန်လုပ်ဖို့ကို ပိုပျင်းသွားပါလိမ့်မယ်။ စိတ်ပါတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စပြီးတဲ့အရာကို အဆုံးအထိလုပ်ပါ။ မရပ်လိုက်ပါနဲ့။

မကောင်းတဲ့အတွေးအမြင်တွေများနေခြင်း

မကောင်းတာတစ်ခုခု၊ အဆင်မပြေတာတစ်ခုခုဖြစ်လာလည်း ဖြစ်ချိန်တန်လို့ဖြစ်တာ၊ ဒီထက်ပိုကောင်းဖို့ဖြစ်လာတာဆိုပြီး အကောင်းဘက်က တွေးပေးရင် ကိုယ်လည်းစိတ်သက်သာရာရသလို စိတ်ဓာတ်လည်းမကျတော့ဘူးပေါ့။ အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို မကောင်းတဲ့အတွေးအမြင်တွေပဲ များနေရင်တော့ ဘာမဟုတ်တာလေးနဲ့တောင် စိတ်ဓာတ်ကျတာ၊ စိတ်ပျက်တာတွေ ဖြစ်လာပြီး ရည်မှန်းချက်တွေကိုလည်း ပြည့်ဝအောင်လုပ်ချင်စိတ်တွေ ရှိတော့မှာမဟုတ်ပါဘူး။