မိမိနဲ့လိုက်ဖက်တဲ့ အဝတ်အစားဖက်ရှင်တွေကို ရွေးချယ်ရတာကလည်း မိန်းကလေးတိုင်းအတွက် တာဝန်တစ်ရပ်လိုဖြစ်နေပါပြီ။ ဒီနေ့လည်း ဘာဝတ်ရင်ကောင်းမလဲဆိုတဲ့ ဖန်တစ်ရာထပ်နေတဲ့ မေးခွန်းကိုလည်း နေ့တိုင်းကြုံတွေ့နေရမှာပါ။

အဲ့ဒါကြောင့် ပျိုမေလေးတို့ခေါင်းမစားရအောင် ပျိုမေတိုင်းနဲ့လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အင်္ကျီပွပွဂါဝန်

ဂါဝန်အပွတွေက ကိုယ့်ရဲ့အားနည်းချက်ကို ဖုံးကွယ်ထားဖို့အကောင်းဆုံးဝတ်စုံပါပဲ။

ခါးတိုအင်္ကျီများ

ခါးတိုအင်္ကျီတွေကတော့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဒီနေရာမှာ ခါးတိုဆိုတိုင်း ခါးတစ်တောင်လောက်ပေါ်နေအောင် ဝတ်ရတာမျိုးမဟုတ်ဘဲ ခါးအလှကိုအသားပေးတယ်ဆိုရုံလောက်ဆို လုံလောက်ပါပြီ။ ဒါမှ သင့်ကိုအရပ်ပိုရှည်တဲ့ပုံပေါက်စေမှာပါ။

ခါးတိုအင်္ကျီကို စကပ်အရှည်နဲ့တွဲဝတ်ချင်သလား၊ ဂျင်းဘောင်းဘီနဲ့ပဲတွဲဝတ်မလား၊ Pencil Skirt နဲ့ပဲဝတ်ဝတ် အဆင်ပြေပါတယ်။

Pencil စကပ်

ပိန်တဲ့မိန်းကလေးပဲဖြစ်ဖြစ် ပြည့်ပြည့်ဖြိုးဖြိုးမိန်းကလေးပဲဖြစ်ဖြစ် Pencil စကပ်ကတော့ လိုက်ဖက်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်ချင်တယ်ဆိုရင်တော့ အသားထူတဲ့စကပ်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဂျင်းဘောင်းဘီအပွ

ဂျင်းဘောင်းဘီအပွကို တီရှပ်မြှုပ်ဝတ်မယ်ဆိုရင်တော့ သူမတူဘဲထူခြားတဲ့ ဖက်ရှင်စတိုင်လေး ပိုင်ဆိုင်နိုင်ပါတယ်။

စတိုင် Pants

ဒီဘောင်းဘီအမျိုးအစားကတော့ မိန်းကလေးတိုင်းရဲ့အဝတ်အစားဘီဒိုထဲမှာ မရှိမဖြစ် ဝယ်ထားသင့်ပါတယ်။ ဒီဘောင်းဘီအမျိုးအစားက သင့်ခြေထောက်ကို သေးသွယ်ပြီး ပိုမိုရှည်လျားတဲ့ပုံပေါက်အောင် ကူညီပေးနိုင်သလိုပဲ ခါးက အဆီပိုတွေကိုလည်း ဖုံးကွယ်ပေးထားနိုင်ပါတယ်။

Sneakers

Sneakers ဖိနပ်လေးတွေကတော့ ဂါဝန်နဲ့ပဲဖြစ်ဖြစ်၊ ဘောင်းဘီနဲ့ပဲတွဲဝတ်ချင်လား၊ စကပ်နဲ့ပဲဝတ်မလား လိုက်ဖက်မှုရှိပါတယ်။ လူငယ်ဆန်တဲ့အသွင်ပေါ်လွင်ချင်တယ်ဆိုရင်တော့ Sneakers လေးတွေကို ရွေးချယ်လိုက်ပါ။

အဖြူရောင်ရှပ်အင်္ကျီ

အဖြူရောင်ရှပ်အင်္ကျီကတော့ သင့်ကို ငယ်ရွယ်နုပျိုတဲ့အသွင် လန်းဆန်းတက်ကြွပြီး လူအများအလယ်မှာထင်းခနဲဖြစ်နေအောင် ကူညီပေးပါလိမ့်မယ်။

ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်စေတဲ့ ဂါဝန်များ

အမဲရောင်ဂါဝန်က လူတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ဆိုတာတော့ ငြင်းလို့ရမှာမဟုတ်ပါဘူး။

ပိုပြီးပိန်တဲ့ပုံပေါက်စေချင်ရင်တော့ ခန္ဓာကိုယ်ဘေးဘက်မှာ အမဲလိုင်းဖောက်ထားတဲ့ ဂါဝန်လေးတွေ ရွေးချယ်ပါ။

အပေါ်ဝတ်အင်္ကျီအရှည်

ချမ်းအေးတဲ့နေ့မျိုးမှာ ဖက်ရှင်ကျဖို့အတွက် ကူညီပေးတာကတော့ အပေါ်ဝတ်အင်္ကျီအရှည်ပဲဖြစ်ပါတယ်။

Source: Brightside.me