ဖက်ရှင်မှာ ဝတ်စားဆင်ယင်မှုအပြင် အခြားသော Accessories တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီနေ့မှာတော့ ဖက်ရှင်ကို ပိုမိုမိမိုက်စေအောင် အားဖြည့်ပေးမယ့် Accessories များကို ဝေမျှပေးချင်ပါတယ်။

(၁) လက်ကောက်များ၊ လက်ပတ်များ

ခုနောက်ပိုင်းခေတ်တွေမှာ ဖက်ရှင်ကို အဆင့်မြှင့်တင်ပေးတဲ့ Accessories များအနက် လက်ကောက်တွေ၊ လက်ပတ်တွေကလည်း ပါဝင်လာပါတယ်။ Street ဖက်ရှင်အတွက်ပဲ ဖြစ်ဖြစ်၊ ဂန္ထဝင်အသွင်အပြင်အတွက်ပဲ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

အရေးကြီးတာကတော့ ဝတ်စားဆင်ယင်မှုပေါ် မူတည်ပြီး လက်ကောက်အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ပါပဲ။

(၂) ဆွဲကြိုးများ

လက်ကောက်များ၊ လက်ပတ်များကဲ့သို့ပင် ဆွဲကြိုးများကလည်း တစ်နေ့ထက်တစ်နေ့ လူကြိုက်များလာပါတယ်။ ဆွဲကြိုးတွေက ရွေးချယ်ဝတ်ဆင်တဲ့ အပေါ်မူတည်ပြီး မိမိုက်စေသလို၊ လူကြီးလူကောင်းဆန်တဲ့ ပုံစံကိုလည်း ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ပွဲတက်အတွက်လည်း သေချာစွာ ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

(၃) နာရီများ

ဖက်ရှင်ကို ပိုမိုမိမိုက်စေအောင် အားဖြည့်ပေးမယ့် Accessories တွေထဲမှာ အရိုးရှင်းဆုံးနဲ့ မရှိမဖြစ်ကတော့ နာရီတွေပဲ ဖြစ်ပါတယ်။

(၄) လက်စွပ်များ

တိုးတတ်ပြောင်းလဲလာတဲ့ ဖက်ရှင် ရေစီးကြောင်းအရ လက်စွပ်တွေရဲ့ ဖက်ရှင် အလားအလာကို စတင်နားလည်လာကြပါတယ်။ ဖက်ရှင်အတွက် လက်စွပ်များက ပိုမိုကျယ်ပြန့်လာပါတယ်။ ယရိုးရှင်းတဲ့ပုံစံနဲ့ လက်စွပ်တစ်ကွင်းက ဖက်ရှင်ကို တစ်ဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်။