ပထမဆုံးတတ်တူးထိုးကြတဲ့အခါ အများစုက ချစ်ဖို့ကောင်းတဲ့တတ်တူးသေးသေးလေးတွေကို ရွေးတတ်ကြတာမလို့ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့လိုက်ပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ တတ်တူးသေးသေးတွေကို ဝေမျှပေးလိုက်ပါတယ်။

မသိသာတာမျိုးလေးလိုချင်ရင် လက်ကောက်ဝတ်ရဲ့နောက်ဘက် ဒါမှမဟုတ် နားရွက်နောက်ဘက်မှာ ဒီလိုသေးသေးလေး ထိုးလို့ရပါတယ်။

ဒီလိုစက္ကူလေယာဉ်သေးသေးလေးတွေကလည်း ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးတွေပါ။

အသေးစိတ်ကျအောင်ထိုးထားတဲ့ ဌက်ပုံစံလေးကလည်း သေးပြီးတော့ အရမ်းမသိသာတဲ့ဒီဇိုင်းပါ။

ဒီလိုမျိုးလည်း လက်ချောင်းမှာ ထိုးလို့ရပါတယ်။

လက်ဖျားထိပ်ပေါ်မှာ ဒီလိုကြယ်ပုံလေးကလည်း အရမ်းကြီးမသိသာတဲ့ ပုံစံမျိုးပါ။

ပန်းလေးတွေထိုးချင်ရင်တော့ ဒီလိုပန်းခို်င်ပုံစံလေး ထိုးကြည့်ပါ။

ဒီချိုးပုံစံတတ်တူးလေးက သေးသေးလေးနဲ့ ချစ်စရာကောင်းပါတယ်။

ဒီလိုလခြမ်းသေးသေးလေးကလည်း တော်တော်များများရွေးကြတဲ့ ဒီဇိုင်းပါ။