အိတ်ဝယ်တဲ့အခါ အများစုက အနက်ရောင်ဘဲဝယ်လေ့ရှိကြပေမယ့် အခုဖက်ရှင်ခေတ်ရေစီးကြောင်းမှာ အရောင်ပေါင်းစပ်မှုက သိသိသာသာ ပြောင်းလဲလာပြီမလို့ အရောင်တွေနဲ့အိတ်တွေကလည်း လူကြိုက်များလာပါပြီ။ ဒါကြောင့် အားလုံးက လိုက်လျောညီထွေရှိမယ်လို့ မထင်ထားပေမယ့် Outfit အားလုံးနဲ့လိုက်ဖက်တဲ့ လက်ကိုင်အိတ်လေးအရောင်တွေကို မျှဝေပေးချင်ပါတယ်။

1- အပြာရောင်

ပါတီပွဲသွားမလား ၊ ပေါ့ပေါ့ပါးပါးသွားမလား အပြာရောင်အိတ်က ဘယ်လို Outfit မျိုးနဲ့မဆိုလိုက်ဖက်ပါတယ်။

2-လိမ္မော်ရောင်

တော်တော်များများက လိမ္မော်ရောင်ကို လိုက်မယ်လို့မထင်ကြပေမယ့် ကိုင်ကြည့်လိုက်ရင် မထင်ထားတဲ့အရောင်စပ်ဟပ်နေမှုကို တွေ့ရမှာပါ။

3- အနီရောင်

ဖက်ရှင်နဲ့ပတ်သက်လာရင် အနီရောင်လက်ကိုင်အိတ်တွေက အရာအားလုံးနဲ့ လိုက်ဖက်တာမလို့ အရောင်တွေကြားထဲမှာ အနီရောင်က အသုံးများတဲ့အရောင်ပါ။

4-အဖြူရောင်

“ဘာအရောင် လက်ကိုင်အိတ်က ဘာနဲ့ လိုက်လဲ” ဆိုတဲ့ မေးခွန်းအတွက် အသုံးအများဆုံး အဖြေကတော့ အခြေအနေတိုင်းနဲ့လိုက်တဲ့ အဖြူရောင်ပါ။

5-အညိုရောင်

ယုံကြည်မှုအပြည့်နဲ့ ‌ခေတ်မီဆန်းပြားတဲ့ခံစားမှုကို လိုချင်ရင်တော့ အညိုရောင်လက်ကိုင်အိတ်ကို ရွေးသုံးပါ။

6- အဝါရောင်

တက်ကြွမှုနဲ့ ရဲရင့်ပြီး စတိုင်ကျမှုကို ပေးနိုင်တာကတော့ အဝါရောင်အိတ်ပါ။

7- အစိမ်းရောင်

အိတ်အရောင်တွေထဲမှာ‌ ထူးခြားတဲ့အရောင်ဖြစ်တဲ့ အစိမ်းရောင်က ဝတ်ထားတဲ့ Outfit ကို လန်းဆန်းစေပြီး ထင်ရှားပေါ်လွင်စေပါတယ်။