(Zawgyi Version)

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ လူတုိင္း စိတ္ဓာတ္က်ဖူးပါတယ္။ ဘဝမွာ အဆင္မေျပမႈေတြ၊ အႏွိမ္ခံရမႈေတြ၊ လုပ္သမွ် ဘာမွျဖစ္မလာတဲ့အခါ၊ ေမွ်ာ္လင့္တဲ့အတုိင္း ျဖစ္မလာတဲ့အခ်ိန္ စိတ္ဓာတ္က်ၾကပါတယ္။ ကိုယ့္အလုပ္မွာ မေပ်ာ္ေတာ့တဲ့အခ်ိန္ စိတ္ဓာတ္က်ၾကပါတယ္။ စိတ္ဓာတ္က်တာက သဘာဝအရ လူတစ္ေယာက္မွာျဖစ္တတ္တာမွန္ေပမယ့္ အခ်ိန္အၾကာၾကီးေတာ့ ျဖစ္မေနသင့္ပါဘူး။ စိတ္ဓာတ္က်တာက အခ်ိန္ၾကာလာတဲ့အခါ ဆရာဝန္နဲ႔ျပရတဲ့အထိပါ ဆိုးဝါးလာႏုိင္ပါတယ္။ အဆိုးဆံုး Suicide အဆင့္ထိပါ သြားႏိုင္ပါတယ္။ ဒီေတာ့ စိတ္ဓာတ္က်တာကို တိုက္ထုတ္ႏို္င္ဖုိ႔ လိုအပ္ပါတယ္။ စိတ္ဓာတ္က်တာကို တိုက္ထုတ္ႏုိင္တဲ့ လက္ေတြ႕နည္းလမး္ေတြကေတာ့-

၁။ အဆိုးျမင္စိတ္ေတြကို စိန္ေခၚပါ

စိတ္ဓာတ္က်ေနတဲ့အခါ ငါစိတ္ဓာတ္က်ေနျပီဆုိတာ သိလိုက္ပါ။ စိတ္ဓာတ္က်လာတာနဲ႔ အဆိုးျမင္စိတ္ေတြက တစ္သီတသန္းဝင္လာပါလိမ့္မယ္။ အဆိုးျမင္စိတ္ေတြကို တတ္ႏုိင္သေလာက္ အဝင္မခံဘူးလို႔ ဆံုးျဖတ္ျပီးစိန္ေခၚလိုက္ပါ။

၂။ အာရံုလႊဲပါ

စိတ္ဓာတ္က်တဲ့အခ်ိန္ အဆုိးအေတြးေတြပဲ ဝင္လာမွာပါ။ ဒီစိတ္ေတြကို အလုပ္ဖိလုပ္ျပီး အာရံုလႊဲႏုိင္ပါတယ္။ ကိုယ္စိတ္ဝင္စားတာေတြ လုပ္ျပီး အာရံုေျပာင္းႏုိင္ပါတယ္။

Source: Go-Overseas.com

၃။ ပန္းတိုင္ေသးေသးေလးေတြခ်မွတ္ပါ

စိတ္ဓာတ္က်တဲ့အခ်ိန္ ဘာမွမလုပ္ခ်င္ပါဘူး။ တစ္ေနရာမွာ မိႈင္ေတြျပီးေနခ်င္ပါတယ္။ ဒီလိုအခ်ိန္ ပန္းတုိင္ေသးေသးေလးေတြ ခ်မွတ္ပါ။ ဘယ္လိုပန္းတုိင္ေတြ ခ်မွတ္ႏုိင္သလဲဆိုေတာ့-

၁။ အိပ္ရာက ခ်က္ခ်င္းထပါ

၂။ ေရခ်ိဳးလိုက္ပါ။

၃။ အက်ၤ ီလွလွေလးဝတ္ပါ

၄။ မုန္႔စားပါ

၅။ အလုပ္လုပ္ပါ

ဒီတာဝန္ေတြတစ္ခုျပီးတိုင္း ကိုယ့္ကိုကိုယ္ခ်ီးက်ဴးပါ။ ဒါေပမဲ့ ဝန္ပိေစတဲ့အလုပ္တာဝန္ေတြ ခိုင္းျပီး ကိုယ့္ကိုကိုယ္ မႏွိပ္စက္ပါနဲ႔။

Source: heysigmund.com

၄။ အေျခခံအခ်က္ေတြကို အာရံုစိုက္ပါ

အိပ္တာ၊ စားတာနဲ႔ ေန႔စဥ္တာဝန္စတဲ့ အေျခခံအခ်က္ေတြကို အာရံုစိုက္လိုက္ပါ။ လမ္းေလွ်ာက္ပါ။ အိပ္ပါ။ အေျခခံလုပ္စရာေတြကို အာရံုစိုက္ထားပါ။

၅။ လုပ္စရာရွိတာဆက္လုပ္ပါ

ဒီတာဝန္ကေတာ့ ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ စိတ္ဓာတ္က်တဲ့အခ်ိန္ ဘာမွလုပ္ခ်င္စိတ္မရွိလို႔ပါ။ ဒါေပမဲ့ အိပ္ရာေပၚမွာ လွဲမေနဘဲ လုပ္စရာရွိတာလုပ္ၾကည့္ပါ။ သင္ခြန္အားေတြရလာပါလိမ့္မယ္။

Source: Anti-panic.com

၆။ သူငယ္ခ်င္းမိသားစုကို အခ်ိန္ေပးပါ

ကိုယ္ျဖစ္ေနတဲ့အခက္အခဲေတြကို ယံုၾကည္ရသူဆီမွာ ရင္ဖြင့္ပါ။ သူတို႔ဘက္က အၾကံေပးႏုိင္ရင္ ပိုေတာင္ေကာင္းပါေသးတယ္။

စိတ္ဓာတ္က်တာက အခ်ိန္တစ္ခုျပီးတာနဲ႔ ေပ်ာက္သြားမွာပါ။ ကိုယ့္ကိုကိုယ္ႏွိပ္စက္တာမ်ိဳးေတြမလုပ္ပါနဲ႔။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတိုင်း စိတ်ဓာတ်ကျဖူးပါတယ်။ ဘဝမှာ အဆင်မပြေမှုတွေ၊ အနှိမ်ခံရမှုတွေ၊ လုပ်သမျှ ဘာမှဖြစ်မလာတဲ့အခါ၊ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အချိန် စိတ်ဓာတ်ကျကြပါတယ်။ ကိုယ့်အလုပ်မှာ မပျော်တော့တဲ့အချိန် စိတ်ဓာတ်ကျကြပါတယ်။ စိတ်ဓာတ်ကျတာက သဘာဝအရ လူတစ်ယောက်မှာဖြစ်တတ်တာမှန်ပေမယ့် အချိန်အကြာကြီးတော့ ဖြစ်မနေသင့်ပါဘူး။ စိတ်ဓာတ်ကျတာက အချိန်ကြာလာတဲ့အခါ ဆရာဝန်နဲ့ပြရတဲ့အထိပါ ဆိုးဝါးလာနိုင်ပါတယ်။ အဆိုးဆုံး Suicide အဆင့်ထိပါ သွားနိုင်ပါတယ်။ ဒီတော့ စိတ်ဓာတ်ကျတာကို တိုက်ထုတ်နို်င်ဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကျတာကို တိုက်ထုတ်နိုင်တဲ့ လက်တွေ့နည်းလမး်တွေကတော့-

၁။ အဆိုးမြင်စိတ်တွေကို စိန်ခေါ်ပါ

စိတ်ဓာတ်ကျနေတဲ့အခါ ငါစိတ်ဓာတ်ကျနေပြီဆိုတာ သိလိုက်ပါ။ စိတ်ဓာတ်ကျလာတာနဲ့ အဆိုးမြင်စိတ်တွေက တစ်သီတသန်းဝင်လာပါလိမ့်မယ်။ အဆိုးမြင်စိတ်တွေကို တတ်နိုင်သလောက် အဝင်မခံဘူးလို့ ဆုံးဖြတ်ပြီးစိန်ခေါ်လိုက်ပါ။

၂။ အာရုံလွှဲပါ

စိတ်ဓာတ်ကျတဲ့အချိန် အဆိုးအတွေးတွေပဲ ဝင်လာမှာပါ။ ဒီစိတ်တွေကို အလုပ်ဖိလုပ်ပြီး အာရုံလွှဲနိုင်ပါတယ်။ ကိုယ်စိတ်ဝင်စားတာတွေ လုပ်ပြီး အာရုံပြောင်းနိုင်ပါတယ်။

Source: Go-Overseas.com

၃။ ပန်းတိုင်သေးသေးလေးတွေချမှတ်ပါ

စိတ်ဓာတ်ကျတဲ့အချိန် ဘာမှမလုပ်ချင်ပါဘူး။ တစ်နေရာမှာ မှိုင်တွေပြီးနေချင်ပါတယ်။ ဒီလိုအချိန် ပန်းတိုင်သေးသေးလေးတွေ ချမှတ်ပါ။ ဘယ်လိုပန်းတိုင်တွေ ချမှတ်နိုင်သလဲဆိုတော့-

၁။ အိပ်ရာက ချက်ချင်းထပါ

၂။ ရေချိုးလိုက်ပါ။

၃။ အကျင်္ ီလှလှလေးဝတ်ပါ

၄။ မုန့်စားပါ

၅။ အလုပ်လုပ်ပါ

ဒီတာဝန်တွေတစ်ခုပြီးတိုင်း ကိုယ့်ကိုကိုယ်ချီးကျူးပါ။ ဒါပေမဲ့ ဝန်ပိစေတဲ့အလုပ်တာဝန်တွေ ခိုင်းပြီး ကိုယ့်ကိုကိုယ် မနှိပ်စက်ပါနဲ့။

Source: heysigmund.com

၄။ အခြေခံအချက်တွေကို အာရုံစိုက်ပါ

အိပ်တာ၊ စားတာနဲ့ နေ့စဉ်တာဝန်စတဲ့ အခြေခံအချက်တွေကို အာရုံစိုက်လိုက်ပါ။ လမ်းလျှောက်ပါ။ အိပ်ပါ။ အခြေခံလုပ်စရာတွေကို အာရုံစိုက်ထားပါ။

၅။ လုပ်စရာရှိတာဆက်လုပ်ပါ

ဒီတာဝန်ကတော့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်ကျတဲ့အချိန် ဘာမှလုပ်ချင်စိတ်မရှိလို့ပါ။ ဒါပေမဲ့ အိပ်ရာပေါ်မှာ လှဲမနေဘဲ လုပ်စရာရှိတာလုပ်ကြည့်ပါ။ သင်ခွန်အားတွေရလာပါလိမ့်မယ်။

Source: Anti-panic.com

၆။ သူငယ်ချင်းမိသားစုကို အချိန်ပေးပါ

ကိုယ်ဖြစ်နေတဲ့အခက်အခဲတွေကို ယုံကြည်ရသူဆီမှာ ရင်ဖွင့်ပါ။ သူတို့ဘက်က အကြံပေးနိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။

စိတ်ဓာတ်ကျတာက အချိန်တစ်ခုပြီးတာနဲ့ ပျောက်သွားမှာပါ။ ကိုယ့်ကိုကိုယ်နှိပ်စက်တာမျိုးတွေမလုပ်ပါနဲ့။

By MyStyle Myanmar