60’s နှင့် 70’s နှစ်များဝန်းကျင်က ကျော်ကြားလူကြိုက်များခဲ့တဲ့ Wide-Leg ဘောင်းဘီရှည်တွေဟာဆိုရင် ယနေ့ခေတ်မှာ အဆုံးမသတ်နိုင်တဲ့ ဖက်ရှင်ပေါင်းစပ်မှုပေါင်းအစုံအလင်နဲ့ ပြန်လည်ရေပန်းစားလျက်ရှိနေပါတယ်။

အရေးကြီးတဲ့ပွဲသဘင်၊ အခမ်းအနားများ၊ ချစ်သူနဲ့သွားရောက်တွေ့ဆုံရမည့်အချိန်များ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလည်ပတ်ကြတဲ့အချိန်များမှာပဲဖြစ်စေ သင့်ကိုအပြတ်စတိုင်မိနေစေမှာဖြစ်ပါတယ်။

ဒါကြောင့် Wide-Leg ဘောင်းဘီရှည်တွေကို ဘယ်လိုမျိုးစတိုင်တွေနဲ့ ၀တ်ဆင်နိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ နည်းလမ်းလေးအချို့ကို မျှဝေပေးလိုက်ရပါတယ်နော်။

၁။ အမျိုးသားဝတ်ဒီဇိုင်း ဘောင်းဘီရှည်များ



ဒီလိုမျိုး အပြတ်စတိုင်မိစေမယ့် အသွင်ကိုရရှိပြီဆိုတာနဲ့ ရုံးသွားတာပဲဖြစ်ဖြစ်၊ အခမ်းအနားတွေတက်ရောက်တာပဲဖြစ်ဖြစ်၊ night out ထွက်တာဖြစ်ဖြစ် အခက်အခဲမရှိ လူအများရဲ့အကြည့်ကို ဖမ်းစားနိုင်မှာဖြစ်ပါတယ်။

၂။ အချိန်တိုင်းအတွက် ခါးမြင့်ဒီဇိုင်း



Katharine Hepburn လိုမျိုး အင်္ကျီခါးထဲထည့်၊ ခါးမြင့်ဒီဇိုင်းဘောင်းဘီရှည်တို့ကို တွဲဖက်ထားတဲ့ ဖက်ရှင်ဒီဇိုင်းက ဘယ်တော့မှအမှားအယွင်းမရှိနိုင်ပါဘူး။ ဒီလိုဖက်ရှင်ကို ၀တ်တဲ့အခါမှာ အင်္ကျီကိုပွပွတွေကိုမ၀တ်မိဖို့ အလွန်အရေးကြီးပါတယ်။

၃။ အပန်းဖြေခရီးသွားချိန်တွေအတွက်



ပေါ့ပေါ့ပါးပါးအသားနဲ့ ချုပ်လုပ်ထားတဲ့ ဘောင်းဘီရှည်တွေကို ၀တ်ဆင်တာက ခရီးသွားလာတဲ့အခါ အင်မတန်လွတ်လွတ်လပ်လပ်ရှိစေမှာပါ။ ခါးတိုအင်္ကျီဖြစ်ဖြစ်၊ ဗြောင်ဒီဇိုင်းတီရှပ်နဲ့ပဲဖြစ်ဖြစ် စတိုင်ကျကျ ၀တ်ဆင်နိုင်မှာဖြစ်ပါတယ်။

၎။ ဂျင်းဘောင်းဘီနဲ့ ထသွားထလာဒီဇိုင်း



ဒီလိုမျိုးအောက်နားအပွဂျင်းဘောင်းဘီကို လက်ရှည်ဘလောက်စ်အင်္ကျီ၊ ဒေါက်ဖိနပ် သို့မဟုတ် ကွင်းထိုးခုံထူဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါမှာတော့ မိန်းကလေးဆန်ဆန်နဲ့ ဖက်ရှင်ကျကျအသွင်ကို ရရှိနိုင်မှာပါ။

၅။ မြေဖြူရောင်ကို ရွေးချယ်ကြည့်ပါ။



Sara Sampaio ၀တ်ဆင်ထားသလို ပေါ့ပါးလွတ်လပ်တဲ့ ဂျင်းဘောင်းဘီရှည်အပွကို ၀တ်လေ့ဝတ်ထမရှိတဲ့ မြေဖြူရောင်အင်္ကျီနဲ့ တွဲဖက်ပေးလိုက်မယ်ဆိုရင် မရိုးမရှင်းနဲ့ ထသွားထလာပုံစံကို ရရှိနိုင်မှာဖြစ်ပါတယ်။

၆။ မိန်းကလေးဆန်ဆန်အသွင်



ရိုးရိုးရှင်းရှင်းလေးကိုမှ ကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေအတွက် ဒီပုံစံလေးက အသင့်တော်ဆုံးဖြစ်မှာပါ။ တစ်ခုသိထားဖို့က အအိသားဘောင်းဘီများကို ရွေးချယ်မယ်ဆိုရင် အင်္ကျီလေးကိုပါ အအိသားဝတ်ဆင်ပေးဖို့လိုပါတယ်နော်။

၇။ အလုပ်ခွင်ဖက်ရှင်



ဒီလိုမျိုးအောက်နားအပွဘောင်းဘီတွေကို ၀တ်ဆင်ခြင်းက အလုပ်ခွင်ရဲ့ဖက်ရှင်အသွင်ကို မြှင့်တင်နိုင်မှာဖြစ်သလို ၀န်ထမ်းများကြားမှာလည်း ထူးခြားလှပနေမှာဖြစ်ပါတယ်။ ကြယ်သီးတပ်ရှပ်အင်္ကျီကိုခါးထဲထည့်ပြီး ရိုးရိုးရှင်းရှင်း accessories များနဲ့ လိုက်ဖက်ညီစွာ ၀တ်ဆင်နိုင်မှာပါ။