လေ့ကျင့်ခန်းတွေ ဘယ်လောက်ပဲလုပ်လုပ် ကိုယ်အလေးချိန်မကျလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင် ဘယ်အစားအသောက်တွေကို မှားယွင်းစွာစားသောက်နေမိလို့ ဝိတ်မကျသေးတာလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

၁။ ကော်ဖီ

အလုပ်မြန်မြန်ပြီးဖို့နဲ့ လန်းဆန်းတက်ကြွနေဖို့အတွက် ကော်ဖီတွေ တစ်ခွက်ပြီးတစ်ခွက်သောက်ခြင်းက အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ကော်ဖီအစား ကယ်လိုရီများကို လောင်ကျွမ်းစေတဲ့ သဘာဝသစ်သီးဖျော်ရည် သောက်သုံးပါ။

၂။ သရေစာမုန့်များ

ရေခဲမုန့်၊ ကွတ်ကီး၊ အာလူးကြော်စတဲ့ မုန့်များက အရောင်လေးတွေကလည်း လှပပြီး အနံ့အရသာမျိုးစုံက သင့်ကို ခဏခဏစားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေပါတယ်။ သူတို့ရဲ့ ထောင်ချောက်ထဲ မဝင်ပါနဲ့။

၃။ အသင့်စားအစာအစာများ

ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးချော်းကြော်၊ ကြက်ကြော် စတဲ့ အသင့်စားအစာအစာထဲမှာ ဆားနဲ့သကြားအမြောက်အမြားပါဝင်တဲ့အတွက်ကြောင့် သင့်ကိုထပ်ခါတလဲလဲစားချင်အောင် ပြုလုပ်ပါလိမ့်မယ်။ ကယ်လိုရီများကလည်း သင့်ဝမ်းဗိုက်မှာ စုပုံနေပြီး ဝိတ်ကျတော့မှာ မဟုတ်ပါဘူး။

၄။ ပေါင်မုန့်အဖြူ

ဂျုံကနေပြုလုပ်ထားတဲ့ ပေါင်မုန့်တွေကလည်း သင့်ခန္ဓာကိုယ်အတွက် မကောင်းတဲ့အတွက် ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ အထူးရှောင်ကြဉ်သင့်ပါတယ်။

၅။ သဘာဝမဟုတ်သော အချိုရည်များ

အချိုဓာတ်လွန်ကဲတဲ့ အချိုရည်များက သကြားဓာတ်အလွန်အကျွံပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ အနှောင့်အယှက်ပေးသလို ဆီးချိုရောဂါကို လက်ယပ်ခေါ်နေတာနဲ့ တူပါတယ်။

၆။ အရက်

အရက်သောက်သုံးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ၇၃ ရာခိုင်နှုန်းခန့် နှေးကွေးသွားစေပါတယ်။ ကိုယ်အလေးချိန်ကျချင်သူများအနေနဲ့ အစာချေစနစ်မြန်ဆန်ဖို့ရန်အတွက် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်က လျင်မြန်စွာ အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာရှိတဲ့အခါပဲဖြစ်ဖြစ် အရက်မသောက်ခင်မှာ သေချာစဉ်းစားဖို့လိုပါတယ်။

Source: www.magforwomen.com