ကျွန်မတို့ နေ့စဉ်ထိတွေ့နေရတဲ့ နေရောင်ခြည်၊ သဘာဝပတ်ဝန်းကျင်၊ ဓာတုပစ္စည်းတွေနဲ့ အလှပြင်စက်ပစ္စည်းတွေကြောင့် ဆံကေသာ တဖြည်းဖြည်း ထိခိုက်ပျက်စီးလာပါတယ်။ ဆံကေသာ ထိခိုက်ပျက်စီးပြီဆိုရင် ဆံသားခြောက်သွေ့တာ ၊ ဆံဖျားနှစ်ခွဖြစ်တာမျိုးဖြစ်စေပါတယ်။ အခုလို ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို ပုံမှန် ညှပ်ပေးမယ်။

ဆံကေသာ ထိခိုက်ပျက်စီးနေတယ်ဆိုရင် ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးဖို့လိုပါတယ်။ ၂ လ တစ်ခါလောက် ဆံပင်အဖျားလေးတွေကို ညှပ်ပေးမယ်ဆိုရင် ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေမှာဖြစ်ပါတယ်။

၂။ ဆံပင်ပုံသွင်းတဲ့ စက်တွေကို တတ်နိုင်သလောက်လျှော့သုံးမယ်။

ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံတာ၊ ဆံပင်ဖြောင့်စက် ၊ ဆံပင်ကောက်စက်တွေနဲ့ ဆံပင်ကို ဖြောင့်လိုက်၊ ကောက်လိုက်လုပ်ပေးတာတွေဟာ ဆံကေသာကို ပိုပြီး ထိခိုက်ပျက်စီးစေပါတယ်။ ဖြစ်နိုင်ရင် ဆံပင်ပုံသွင်းတဲ့ စက်တွေကို တတ်နိုင်သလောက်လျှော့သုံးပေးပါ။ မတတ်နိုင်လို့ သုံးတယ်ဆိုရင်တောင် အပူချိန်ကို လျှော့ပြီးသုံးပေးပါ။

၃။ ဓာတုပစ္စည်းတွေအသုံးပြုတာ၊ ဆံပင်အရောင်ဆိုးတာတွေကို ‘Bye-Bye” လို့ နှုတ်ဆက်လိုက်ပါ။

သင့်ရဲ့ ဆံကေသာ ထိခိုက်ပျက်စီးနေပြီဆိုရင် ဓာတုပစ္စည်းတွေနဲ့ ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်လုပ်တာမျိုးကို ရှောင်ပေးပါ။ အခုလိုလုပ်ပေးတာဟာ ဆံကေသာကို ပိုပြီး ထိခိုက်ပျက်စီးစေပါတယ်။ ဆံကေသာအတွက် အလှကုန်ပစ္စည်းတွေကို ဝယ်တဲ့အခါမှာလည်း အရက်ပါဝင်မှု နဲ့ ဓာတုပစ္စည်းပါဝင်မှုများတဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ပါ။

၎။ ရေကူးကန် ထဲရှိနေစဉ် နဲ့ နေရောင်ခြည်ထိတွေ့နေစဉ် ဆံပင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပါ။

ရေကူးနေတဲ့အချိန်မှာ ရေကူးဦးထုပ်စောင်းပေးထားမယ်ဆိုရင် ရေကူးကန်မှာထည့်ထားတဲ့ ကလိုရင်းကြောင့် ဆံပင်ထိခိုက်ပျက်စီးမှုကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ရေကူးပြီးသွားရင်လည်း ချက်ချင်း ရိုးရိုးရေနဲ့ ခေါင်းလျှော်ချပါ။ နေရောင်အောက်မှာ ဦးထုပ် (သို့) ထီးမပါဘဲ မနေပါနဲ့။

၅။ ဆံကေသာကျန်းမာရေးအတွက် ခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်မယ်။

ခန္ဓာကိုယ်ကျန်းမာနေမှ ဆံကေသာ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတာနဲ့ နေထိုင်မကောင်းဖြစ်တာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာနေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပေးဖို့လိုအပ်ပါတယ်။

(ယခုဆောင်းပါးကို ဆံကေသာ ပျက်စီးမှုကင်းပြီး နူးညံ့ပျော့ပြောင်းစေတဲ့ ဒပ်(ဖ်) မှကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။)

ဆံကေသာ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ဖို့ဆိုရင်တော့ ဆံကေသာကို သေချာဂရုစိုက်ထိန်းသိမ်းပေးတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပေးဖို့လိုသလို စာဖတ်သူတို့နဲ့ အသင့်တော်ဆုံး ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။

ဆံသားထိခိုက်ပျက်စီးနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒပ်(ဖ်) ရှိနေပါတယ်။ ဒပ်(ဖ်)ကို ပျက်စီးနေသောဆံကေသာအတွက်အဓိက ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Keratin Repair Actives ကိုထည့်သွင်းအားဖြည့်ထားတာကြောင့် ဒပ်(ဖ်)အပြာရောင် ပျက်စီးနေတဲ့ဆံကေသာအတွင်းပိုင်းက ဆဲလ်တွေအထိ ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆံကေသာ ထိခိုက်ပျက်စီးတာ၊ ဆံပင်ပြတ်တာ၊ အဖျားစ်ခွဖြစ်တာတွေကို လျှော့နည်းသက်သာစေတဲ့ ဒပ်(ဖ်)  ခေါင်းလျှော်ရည် အပြာရောင်ကို အသုံးပြုကာ ပျက်စီးမှုကင်းပြီး နူးညံ့ပျော့ပြောင်းတဲ့ဆံကေသာကိုအရယူလိုက်ပါ။