ဘယ်အချိန်ကြည့်ကြည့် ပြီးပြည့်စုံပြီး လှပနေတဲ့ ဆံသားကို ပိုင်ဆိုင်ရရှိဖို့အတွက် ကျွမ်းကျင်တဲ့ ဆံကေသာ ပညာရှင်တွေကတော့ ခေါင်းလျှော်ပြီးရင် သေချာပြောင်အောင်လို့ ၅ မိနစ်ကြာအောင် ခေါင်းရေဆေးချဖို့ အကြံပေးထားကြပါတယ်။

ခေါင်းလျှော်ရည်တွေကို သေချာပြောင်စင်အောင် မလျှော်မိဘူးဆိုရင် ဆံပင်အရောင်ကိုလည်း ထိခိုက်လာနိုင်ပြီးတော့ ဗောက်တွေပါ ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ရဲ့ ဆံကေသာအလှကိုလည်း မျက်နှာနီးနီး ဂရုစိုက်လာကြတဲ့ ပျိုမေတို့အတွက် အသုံးဝင်စေမယ့် ဆံကေသာဆိုင်ရာ အလှကုန်ပစ္စည်းလေးတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

Elizavecca CER-100 Collagen Ceramics Coating Protein Treatment

ဆံသားများကို ကောက်လိုက် ဖြောင့်လိုက် အပူခံ ပုံသွင်းခြင်း၊အရောင်ဆေးဆိုးခြင်းနှင့် ခြောက်သွေ့ ပျက်စီးနေသော ဆံသားရှိသူများအတွက် အထူးထုတ်လုပ်ထားသော Collagen Hair Mask ဖြစ်ပါတယ်။ မှန်မှန်အသုံးပြုပေးမယ်ဆိုပါက ခြောက်သွေ့ပျက်စီးနေသော ဆံသားများကို သိသိသာသာ ပြန်လည်အားဖြည့်လာပြီး ချောမွေ့တောက်ပြောင်ကာ ဖြီးရလွယ်ကူလာစေမှာပါ။

REVLON One-Step Volumizer Original 1.0 Hair Dryer and Hot Air Brush

ခေါင်းလျော်ပြီးတာနဲ့ Dryer အနေနဲ့ပဲဖြစ်ဖြစ် ပုံသွင်းဘီးအနေနဲ့ပဲဖြစ်ဖြစ်သုံးလို့ရပြီးတော့ အိမ်မှာဒါလေးသုံးရုံနဲ့ ဆိုင်မှာပုံသွင်းထားသလို ကိုယ်တိုင်လွယ်လွယ်ကူကူ သွင်းလို့ရမှာဖြစ်ပါတယ်။

L’Oréal Magic Root Cover Up sprays

ဆံပင်ပါးတဲ့ဦးရေနဲ့ ဆံပင်ဖြူတာတွေကို ပွဲသွားခါနီး အပြင်သွားခါနီး အလွယ်တကူ ဖျန်းပြီး ရွှိုင်းလို့ရမယ့် Hair Spray လေးပါ။ ဆံပင်ဖြူတဲ့သူတွေဆိုလည်း ဆေးဆိုးစရာမလိုပဲ အပြင်သွားခါနီးလေးမှ မှုတ်သွားရုံပါပဲ။ ဆံပင်ပါးလို့ ဦးရေပေါ်နေတာတွေကိုလည်း ဖုံးပေးတဲ့အတွက် ဆံပင်ဖြူတဲ့သူတွေသာမက ပါးတဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်။

TOCESS Big Hair Claw Clips

ဆံပင်အကုန်သိမ်းမလား တစ်ခြမ်း ချထားမလား ဘယ်လို ညှပ်ညှပ် အဆင်ပြေမယ့် ဆံညှပ်လေးပါ။ ဆံသားပါးတဲ့သူတွေအတွက်လည်း အဆင်ပြေပြီးတော့ သူ့ရဲ့ အရောင်ကလည်း အထားခံတဲ့အတွက် ရေရှည်သုံးလို့ရပါတယ်။ ကွာလတီကလည်း တခြားနိုင်ငံထုတ်တွေလို ထိတာနဲ့ တန်းကွဲ တန်းကျိုးသွားမှာ မဟုတ်ပါဘူး။