Y2K Hair Style လို့ပြောရင် အားလုံးမြင်မိကြမှာက Colourful ဖြစ်လွန်းတဲ့ ကလစ်လေးတွေ ၊ ကြိုးလေးတွေပါ။ အရင်ကခေတ်စားခဲ့တဲ့ Y2K Style တွေက ဒီဘက်‌ခေတ်မှာ တစ်ကျော့ပြန်လာလူကြိုက်များလာတာမလို့ Y2K Style နဲ့လိုက်တဲ့ Y2K Hair Clip Style တချို့ကို ဝေမျှပေးလိုက်ပါတယ်။

Y2K Hairstyle အတွက်ဆို ချန်ထားခဲ့လို့မရတာက ဒီလိုလိပ်ပြာကလစ် သေးသေးလေးတွေပါ။ လိပ်ပြာလေးတွေဝဲနေသလို လိပ်ပြာကလစ်သေးသေးလေးတွေ ပန်တာလည်း ကောင်မလေးတွေကြား ရေပန်းစားတဲ့ဒီဇိုင်းပါ။

ဆံပင်ရဲ့ထိပ်မှာ အပို်င်းလေးတွေခွဲပြီး စည်းတာကလည်း အဲ့တုန်းကခေတ်စားခဲ့တဲ့ စတိုင်ပါပဲ။

ကလစ်ကိုမှ တစ်ရောင်တည်း ဒါမှမဟုတ် ရောင်စုံတပ်တာကလည်း Y2K ရဲ့အသက်ပါပဲ။

ဒီလိုမျိုး ရောင်စုံကလစ်အလုံးလေးတွေကို ခေါင်းမှာ အများကြီးတပ်ကြတာလည်း ခေတ်စားခဲ့ပါသေးတယ် ။

Bubble Braid ကိုမှ ရောင်စုံခေါင်းစည်းကြိုးတွေနဲ့ ပုံဖော်တာကလည်း Y2K ရဲ့ စတိုင်တစ်ခုပါပဲ။

ရှေ့မှာ ကျစ်ဆံမြီးအသေးနှစ်ချောင်းချပြီး ကျန်တဲ့ဆံပင်ကို ထုံးတာ ချထားတာ ချည်ထားတာ ပုံစံအမျိုးမျိုးနဲ့လုပ်ကြတာလည်း အဲ့တုန်းက ကောင်မလေးတော်တော်များများလုပ်တတ်ကြတဲ့ ပုံစံလေးပါပဲ။