ဆံပင်အဖျားနှစ်ခွဖြစ်ရင် ဆံပင်အရှည်နှေးတာ၊ ဆံပင်အဖျားရှူးတာတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်တာ၊ ဆံပင်အဖျားတွေ တစ်ဖြေးဖြေးပျက်စီးတာတွေ များလာတာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာတွေများလို့ စိတ်ညစ်နေတဲ့သူတွေအနေနဲ့ လုပ်ပေးသင့်တဲ့ Daily Habit (5) ခုကို ပြောပြပေးလိုက်ပါတယ်။

Hair Oil ပုံမှန်လိမ်းပါ

ဆံပင်ကအဆီဓာတ်မရှိပဲ မွဲခြောက်နေရင် ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ပျက်စီးတာတွေက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် နေ့တိုင်း Hair Oil တွေပုံမှန်လိမ်းပေးပါ။ တစ်ခေါင်းလုံးလိမ်းစရာ မလိုပါဘူး။ အဖျားတွေပဲ လိမ်းပေးတာမျိုး၊ ဆံပင်တစ်ဝက်လောက်စလိမ်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ခေါင်းလျှော်ခါနီးမှသာ တစ်ခေါင်းလုံးကို အုန်းဆီ၊ သံလွင်ဆီ လိမ်းတာမျိုး လုပ်ပေးပါ။

Heat Tools တွေမသုံးပါနဲ့

နေ့စဉ် ဆံပင်ဖြောင့်စက်ဆွဲတာ၊ ဆံပင်ကောက်တာ၊ Dryer မှုတ်တာတွေက ဆံသားပျက်စီးပြီး ဆံသားခြောက်သွေ့တာ၊ ဆံသားကျိုးကြေပျက်စီးတာ၊ အဖျားနှစ်ခွဖြစ်တာတွေကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ Heat Tools တွေမသုံးပဲနေပါ။ သုံးရင်လည်း တစ်ခါတစ်လေမှ သုံးပေးပါ။

မှန်ကန်တဲ့ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ

ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ ကိုယ့်ဆံသားနဲ့ကိုက်ညီတာမျိုးက ရွေးသုံးဖို့က အရေးကြီးပါတယ်။ ကိုယ့်ဆံသားက အဖျားနှစ်ခွတွေဖြစ်တာများပြီး ပျက်စီးနေတာ၊ ဆံသားကျိုးကြေနေတယ်ဆိုရင် အဲ့တာအတွက်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးသုံးပေးပါ။

Hair Mask or Conditioner သုံးပါ

ဆံသားပျက်စီးနေတာ၊ ဆံသားမွဲခြောက်ပြီးဖွာနေတာ၊ အဖျားနှစ်ခွဖြစ်တာတွေအတွက်ကတော့ ခေါင်းလျှော်ပြီးတိုင်းမှာ Hair Mask or Conditioner တစ်ခုခု သုံးကိုသုံးပေးသင့်ပါတယ်။ ဒါမှ သက်သာပြီး ဆံသားကျန်းမာလှပလာမှာပါ။

Supplements သောက်ပါ

ဆံပင်အဖျားနှစ်ခွဖြစ်တာတွေက အရမ်းများပြီး ဆံသားလည်းပျက်စီးနေတယ်၊ ဆံပင်လည်းကျွတ်တယ်ဆိုရင်တော့ နေ့စဉ်ဘဝမှာ Supplements တစ်ခုခုကို သောက်သုံးသင့်ပါတယ်။ ဆရာဝန်တဲ့တိုင်ပင်ပြီး သောက်ရင်တော့ အကောင်းဆုံးပါပဲ။