Hair oil က မလိမ်းရင်လည်း ဆံသားခြောက်ပြီးဖွာတာတွေ ဖြစ်မှာဆိုတော့ မလိမ်းလို့ကလည်း မရပါဘူး။ လိမ်းတဲ့အခါမှာ သတိထားရမယ့်အချက်တွေ ရှိပါတယ်။ ဒါမှ ဆံသားမပျက်စီးပဲ healthy hair လေးဖြစ်နေမှာပါ။

ဆံပင်စည်းခြင်း

Hair oil ကိုပုံမှန်အတိုင်း အောက်ဖျားလေးတွေလိမ်းပြီး ဆံပင်စည်းတာမျိုးက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် hair oil ကို တစ်ခေါင်းလုံးလိမ်းပြီး ဆံပင်ကို တင်းကြပ်နေအောင်စည်းတာမျိုးတွေ လုပ်မယ်ဆိုရင်တော့ ဆံပင်သိမ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။

ဆံပင်ရေစိုနေချိန်မှာလိမ်းခြင်း

ဆံပင်ရေစိုနေချိန်မှာ ဆံပင်အောက်ဖျားလေးတွေကို လိမ်းတာက ကောင်းပါတယ်။ ဒါပေမယ့် ဆံပင်ရေစိုနေချိန်မှာ hair oil တွေကို တစ်ခေါင်းလုံးလိမ်းပစ်တာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ လျှော်ထားတဲ့ဆံပင်က ခေါင်းမလျှော်ရသေးလို့ ဆံပင်တွေစေးကပ်နေသလို ဖြစ်သွားပါလိမ့်မယ်။ ဆံပင်ရေခြောက်နေချိန်မှာ တစ်ခေါင်းလုံးကိုလိမ်းရင်တောင်မှ ဆံပင်အဆီပြန်တာ မြန်စေပါတယ်။

ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းဖြီးခြင်း

Hair oil လိမ်းပြီးရင် ဆံပင်ကို နည်းနည်းချင်းစီယူပြီး ဖြေးဖြေးချင်းစီဖြီးပေးပါ။ အဲ့လိုမဖြီးပဲ ကြမ်းကြမ်းတမ်းတမ်းဖြီးမယ်ဆိုရင်တော့ ဆံပင်တွေက ပုံမှန်ထက်ပိုပြီးတော့ကို ကျွတ်လာပါလိမ့်မယ်။

Hair oil တွေအများကြီးလိမ်းခြင်း

ခေါင်းမလျှော်ခင်မှာ oil treatment လုပ်တဲ့အနေနဲ့ တစ်ခေါင်းလုံးကို hair oil တွေရွှဲနေအောင်လိမ်းတာက ဆံသားအတွက် ကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုမဟုတ်ပဲ နေ့တိုင်း hair oil တွေအများကြီးလိမ်းနေရင်တော့ ဦးရေပြားနဲ့ဆံသားမှာရှိတဲ့ natural oils တွေနဲ့ ကိုယ်လိမ်းထားတဲ့ oils တွေရောပြီး ဗောက်ထတာတွေဖြစ်တတ်သလို အညစ်အကြေးတွေပါ ကပ်ငြိလွယ်ပြီး ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခေါင်းအုံးစွပ်ကိုပါ ပုံမှန်မလဲပေးရင် မျက်နှာမှာ ဝက်ခြံတွေပါ ထွက်လာပါလိမ့်မယ်။

ဦးရေပြားအထိလိမ်းခြင်း

Hair oil တွေ၊ conditioner တွေသုံးတဲ့အခါ ဦးရေပြားကို မလိမ်းရပါဘူး။ ဦးရေပြားအထိလိမ်းရင် ဆံပင်ကျွတ်တာ၊ ဦးရေပြားနဲ့ဆံသား အဆီပြန်တာတွေ ဖြစ်စေပါတယ်။