ဆံပင်အရောင်က ဆိုးထားရင် အရောင်ကြာရှည်ခံမှ တန်မှာပါ။ အရောင်ခဏလေးနဲ့ကျွတ်ရင် ပိုက်ဆံကုန်ရကျိုးမနပ်ပဲ နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ဆိုးထားတဲ့ဆံပင်အရောင် ကြာရှည်ခံစေဖို့ သတိထားဆင်ခြင်ပေးရမယ့် အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ခဏခဏခေါင်းမလျှော်ပါနဲ့

ခေါင်းခဏခဏလျှော်တာက ဆံပင်အရောင်ကျတာမြန်ပါတယ်။ ဒါကြောင့် ခေါင်းခဏခဏမလျှော်ပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုမလျှော်ပါနဲ့။ ဆံပင်အဆီပြန်လို့ ခေါင်းလျှော်ချင်တယ်ဆိုရင် ခေါင်းလျှော်မယ့်အစား Dry Shampoo သုံးပေးပါ။

Hair Mask or Conditioner သုံးပါ

အရောင်ဆိုးထားဆဲ့ဆံပင်က ခေါင်းလျှော်တိုင်းမှာ Hair Mask or Conditioner တစ်ခုခုတော့ သုံးပေးသင့်ပါတယ်။ အရောင်ဆိုးထားတဲ့ဆံသားအတွက် သီးသန့်ထုတ်ပေးထားတာမျိုး သုံးရင်တော့ ပိုကောင်းတာပေါ့။ Hair Mask or Conditioner သုံးပေးမှ ဆံသားပျက်စီးတာသက်သာပြီး ဆံပင်အရောင်လည်း ကြာရှည်ခံစေမှာပါ။

Colour-treated Shampoo သုံးပါ

ဆိုးထားတဲ့ဆံပင်အရောင် ကြာရှည်ခံချင်တယ်ဆိုရင်တော့ ရိုးရိုး Shampoo တွေမသုံးပဲ Colour-treated Shampoo သုံးပေးပါ။ ဆံပင်အရောင်မကျပဲ ကြာရှည်ခံစေပါတယ်။

နေရောင်ခြည်ဒဏ်မှကြိုတင်ကာကွယ်ပါ

နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးပြီး ဆံသားမွဲခြောက်တာ၊ ဆံပင်အရောင်ပြောင်းတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် နေပူထဲသွားရင် ထီး၊ ဦးထုပ်ဆောင်းတာမျိုး၊ Hair Sun Spray ဖြန်းတာမျိုး လုပ်ပေးသင့်ပါတယ်။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

အရောင်ဆိုးတဲ့ဆံပင်တွေကို ထိန်းသိမ်းဖို့အတွက် ရေရဲ့အပူချိန်ကလည်း အရေးကြီးပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံသားအတွက်လိုအပ်တဲ့ အစိုဓာတ်၊ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံသားပျက်စီးတာ၊ ဆံပင်အရောင်ဖျော့တာ၊ မွဲခြောက်တာမျိုးတွေ၊ ဆံပင်ကြွပ်ဆတ်တာမျိုးတွေ ဖြစ်စေပါတယ်။